Book 23 Chapter 320

513 56 9
                                    

Uni

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (စာစဉ် - ၂၃) (အပိုင်း - ၁၂)

အခန်း (၃၂၀) မဟာတာအိုကိုနားလည်စေရန်လောကကိုရှုမြင်

ရေခဲပုစဉ်းရင်ကွဲတောအုပ်...

ယန်ရှီးယွင်၏ ခန္ဓာကိုယ်က မြေကြီးထဲ တဖြည်းဖြည်းနစ်မြုပ်သွားပြီး လုံး၀ ပျောက်ကွယ်သွားလေသည်။

အချိန်အတန်ကြာမှ မြေကြီးအတွင်းမှ သူမ၏ ဦးခေါင်းလေး ပြန်ထွက်လာပြီး ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်လိုက်သည်။

အန္တရယ်ကင်းသည်မှာသေချာတော့မှ သူမက မြေကြီးထဲမှ ခုန်ထွက်လိုက်၏။

"ကြောက်ဖို့ကောင်းလိုက်တာ ၊ ဘာလို့ ဒီလူတွေက လူတစ်ယောက်ကို လွယ်လွယ်နဲ့ တိုက်ခိုက်ချင်ကြရတာလဲ ၊ ကောင်းကင်ပေါ်မှာသာတိုက်ခိုက်ခံရလို့ကတော့ ငါ ပြုတ်ကျပြီး အသက်ထွက်လောက်ပြီ ၊ ခုတော့ တော်ပါသေးရဲ့"

ယန်ရှီးယွင် ကြောက်ရွံ့စွာဖြင့် ရေရွတ်လိုက်သည်။

"ငါက လမ်းလေးမေးချင်လို့ကို ဘာလို့ငါ့ကို တိုက်ခိုက်ရတာလဲ... ၊ အင်း... ဖြစ်နိုင်တာက..."

သူမ ခဏမျှ စဉ်းစားနေ၏။

ပြီးမှ...

"ဒီ ပတ်ဝန်းကျင်မှာ လမ်းမေးတာကို တားမြစ်ထားတာများလား ၊ မဖြစ်နိုင်ဘူး... တစ်ခါမှ ဒီလိုတားမြစ်ချက်မျိုးရှိတယ်လို့ မကြားမိပါဘူး ၊ လမ်းတော့ ဆက်မေးရမှာပဲ ၊ ဒါပေမဲ့ သတိတော့ထားရမယ် ၊ ပြီးတော့ တိုက်ခိုက်ခံရပြီဆိုရင် အန္တရယ်ကင်းအောင် သေချင်ယောင်ဆောင်နေမှဖြစ်မယ်"

"ဒါပေမဲ့ အဲဒီလူက အရမ်းထူးဆန်းတယ် ၊ သူ့ကိုကြည့်ရတာ ဘာခံစားချက်မှ မရှိသလိုပဲ ၊ ဘယ်မျိုးနွယ်စုကလဲ မသိဘူး"

ယန်ရှီးယွင် ခဏမျှစဉ်းစားနေပြီးနောက် အဆုံးသတ်ကောက်ချက်ချလိုက်သည်။

"ကြည့်ရတာ နတ်လူသားမျိုးနွယ်တစ်ယောက်ဖြစ်မယ်ထင်တယ် ၊ ဒီလူတွေ မပြန်ကြသေးဘူးလားမသိဘူး"

နတ်လူသားမျိုးနွယ်များ ခွန်လွန်တောင်မှ မပြန်ကြသေးဘူးဆိုလျှင် သူမတို့ ချီလင်မျိုးနွယ်များသည်လည်း မပြန်ကြလောက်သေးပေ။

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)Where stories live. Discover now