Book 19 Chpter 265

494 74 4
                                    

Uni

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (စာစဉ် - ၁၉) (အပိုင်း - ၁၃)

အခန်း (၂၆၅)ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှတစ္ဆေတိုင်းပြည်၏ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား

ကျန်းလန် မြေပြင်ထက်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး အသံများဖုံးလွှမ်းနေသည့်တိုင် သူ့အပေါ် ကြီးကြီးမားမား ထိခိုက်မှု မရှိခဲ့ပေ။ အသံများက တစ်ခါတစ်ရံ ရှင်းလင်းပြတ်သားနေပြီး တစ်ခါတစ်ရံ ရှုတ်ထွေးလျှက် ရှိသည်။

အသံများက ကယောင်ကတမ်းပြောဆိုနေသံများနှင့်ဆင်တူသော်လည်း ဆုတောင်းနေသည့် အသံများပမာလည်း ဖြစ်သည်။

ထိုအသံများထဲတွင် အသံတစ်သံက အတော်လေး ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်။

"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား ၊ ကျွန်တော့်ရဲ့ လက်သီးချက်တိုင်းကို ကာကွယ်ပေးပါ ၊ ဒီ တစ္ဆေနှိမ်နင်းကျောက်တုံးကို ဖျက်စီးပစ်နိုင်အောင် လမ်းပြပါ ၊ နတ်မိစ္ဆာတွေကို သတ်ဖြတ်နိုင်ဖို့ လမ်းပြပါ"

ထိုစကားသံအဆုံးသတ်သွားသည်နှင့် ကျန်းလန် မျက်လုံးများဖွင့်ကြည့်လိုက်သည်။

ထိုအသံက အခြားသောအသံများအားလုံးကို ကျော်ဖြတ်ပြီး သူ့နားထဲသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။

"လက်သီးနတ်ဘုရား"

ကျန်းလန် ရေရွတ်လိုက်သည်။

သူ့မျက်နှာက တည်ငြိမ်နေသည့်တိုင် စိတ်ထဲမှာတော့ အံ့အားသင့်နေမိ၏။

"တစ္ဆေတိုင်းပြည်ကလူတွေလား"

ယခင်က တစ္ဆေတိုင်းပြည်မှ ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရစဉ် သူ့ကို ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားအဖြစ် ကိုးကွယ်မည်ဟု ပြောဆိုခဲ့သည်ကို ကြားဖူးခဲ့သည်။

ထို့ပြင် တစ္ဆေတိုင်းပြည်က လက်ရှိတွင် နတ်မိစ္ဆာများနှင့် တိုက်ခိုက်နေလေသည်။

သူတို့အချင်းချင်း တိုက်ခိုက်နေကြသည်က ထားပါတော့ ၊ အဘယ့်ကြောင့် တစ္ဆေကျင့်ကြံသူများ၏ ပြောဆိုသံများကို သူ ကြားနေရပါသနည်း။

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)Donde viven las historias. Descúbrelo ahora