Book 18 Chapter 241

495 64 6
                                    

Uni

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (စာစဉ် - ၁၈) (အပိုင်း - ၃)

အခန်း (၂၄၁) ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား

"ဝှစ်…"

ကြီးမားလှသည့်စွမ်းအားကြီးက ဝဲဂယက်တစ်ခုပမာ ထွက်ပေါ်လာပြီး တောအုပ်တစ်ခုလုံးသို့ ပျံ့နှံ့သွားကာ အနက်ရောင်မြူခိုးများအားလုံးကို ဖယ်ရှားပစ်လိုက်သည်။ '

ကျန်းလန်၏စွမ်းအားက သူတို့မျှော်လင့်ထားသည်ထက်ကျော်လွန်နေလေရာ လုကျန်းတို့အုပ်စုမှာလည်း အတော်လေး အံ့အားသင့်သွားကြသည်။

ဘာကြောင့်မှန်းမသိ သူတို့ထံသို့ ဘေးအန္တရယ်ကြီးတစ်ခု ချဉ်းကပ်လာသည့်ပမာ ထူးဆန်းစွာ ခံစားလိုက်ကြရသည်။

တစ္ဆေချီစွမ်းအားများကို အပြည့်အ၀ ထိန်းချုပ်သွားနိုင်ပြီ ဖြစ်သည်။

ပေဖန်းက…

"အနက်ရောင်မြူခိုးတွေ  မရှိတော့ဘူး ၊ ကျုပ်တို့ အခု တောင်ပေါ်ကို စစ်ကူတောင်းလို့ရပြီ"

သူတို့အားလုံး တုံ့ဆိုင်းမနေကြတော့ဘဲ ချက်ချင်းပင် တတ်ကျွမ်းရာနည်းလမ်းပေါင်းစုံဖြင့် စစ်ကူရရှိရန် ဆက်သွယ်လိုက်ကြသည်။

လုကျန်းတို့ (၄)ယောက်ထံမှ တန်ခိုးစွမ်းအား (၄)မျိုး ထွက်ပေါ်လာပြီး ခွန်လွန်တောင်ရှိရာသို့ အလင်းတန်း (၄)ခု ပျံသန်းထွက်ခွာသွားကြသည်။

စစ်ကူရောက်လာရန်မှာတော့ အနည်းငယ် ကြန့်ကြာနိုင်သေးသည်။

လုကျန်းက အဝေးတစ်နေရာမှ တစ္ဆေတံခါးကို လှမ်းကြည့်လိုက်ရင်း…

"ကျုပ်တို့ စစ်ကူတောင်းတာ နောက်မကျလောက်ဘူး ထင်ရတာပဲ"

ထိုစဉ်…

"ဘုန်း…"

"ခရက်…"

တစ်စုံတစ်ခု အက်ကွဲပြိုကျသွားသည့်အသံကို ကြားလိုက်ရသည်။

တစ္ဆေတံခါးကြီးတစ်ခုလုံး အက်ကြောင်းများထင်နေပြီး တဖြည်းဖြည်း ပြိုကျလာသည်ကို တွေ့လိုက်ကြရသည်။

လင်အန်းက…

"တစ္ဆေတံခါး ပြိုကျတော့မယ် ၊ အမြန်နောက်ဆုတ်ကြ"

နဂါးမယ်လေးရဲ့ ငရဲတံခါးကချစ်သူ (Part 2) (Myanmar Translation)Donde viven las historias. Descúbrelo ahora