အပိုင်း[၄]

269 32 2
                                    

နောက်ညတွေမှစ၍ ဂျွန် ညလည်လောက်ဆို jungkookကို အမြဲတွေ့ရတတ်သည်။
ရောက်တိုင်းလည်း ဂျွန့်ကို ကော်ဖီတစ်ခွက်အမြဲဖျော်တိုက်သည်။ ပြီးရင် ဆိုင်ရှေ့ထိုင်ခုံ၌ထိုင်၍ တစ်နာရီခန့်ထိုင်ပြီး ဘီယာ ဒါမှမဟုတ် စားစရာတစ်ခုခုဝယ်ကာ ဂျွန့်ကို ကြည့်ရင်း​နေ​နေတတ်သည်။

ဂျွန့်အတွက် jungkookရဲ့ အပြုအမူတွေက စိတ်အနှောင့်အယှက်မဖြစ်ပေ။jungkookကို စိတ်ထဲမထားပဲ လုပ်စရာရှိတာသာလုပ်နေတတ်သည်။ ယခုလည်း jungkookအပြင်မှာထိုင်ရင်း စီးကရက်တစ်လိပ်ကို ဖွာလိုက်ကာ နမ်ဂျွန်ကို
ကြည့်နေမိသည်။

နမ်ဂျွန်က စိတ်ဝင်စားဖို့​ကောင်းသည်ဟု jungkookထင်သည်။ ထို့ကြောင့် နမ်ဂျွန်နဲ့ရင်းနှီးဖို့ ကြိုးစားနေခြင်းပင်။သို့သော် တစ်လသာကြာသွားသည်။ နမ်ဂျွန့်ဆီမှာ စျေးဝယ်ချိန်မှ လွဲ၍ ကျန်တဲ့အချိန် လှည့်တောင်မကြည့်ပေ။

နမ်ဂျွန်က ဘေးပတ်ဝန်းကျင်ကို ဂရုမထား၊ စာအုပ်တစ်အုပ်အမြဲလက်က ကိုင်ကာ စာဖက်နေတတ်သည်။နမ်ဂျွန့်ကို အနှောင့်အယှက်ပေးသည့် စျေးဝယ်သူလည်းမလာ၍ စိတ်သက်သာရာ
ရသည်။

ဂျွန်က လူသာငယ်တာ စိတ်ကတော့ မာသည်။ တော်ရုံလူဆို jungkookရဲ့ရုပ်ရည်နှင့် ချမ်းသာကြွယ်ဝမှုများကြောင့် jungkookဘက်ကို အရင်တိမ်းညွှတ်လာတတ်သည်။

သို့သော် ဤသည်များက နမ်ဂျွန်နဲ့ အလုပ်မဖြစ်ပေ။ jungkookကို ယခုထိစကား​ပြောဖို့နေနေသာ လှည့်တောင်မကြည့်။ jungkook နှစ်ရက်လောက် နမ်ဂျွန် မနက်ခင်း အလုပ်က မပြန်သေးခင် စောစောလာကြည့်ဖြစ်သေးသည်။

jungkookဖျော်ပေးသည့် ကော်ဖီကို တို့တောင်မတို့၊ အမှိုက်ပုံးထဲ လွှင့်ပစ်နေတာမြင်ရ၍ ဒီတစ်လလုံး ဖျော်ပေးသမျှကော်ဖီကို မသောက်ဟု တွေးကြည့်ရင်ပင်ရသည်။

jungkookကလည်း ဒီလိုစိန်ခေါ်မှုမျိုးကို ကြိုက်ည်။ jungkookမရသည့်အရာဆိုလျှင် ပိုကြိုးစား၍ ပင်ရယူချင်သည်။

မုဆိုးက သားကောင်ကို သတ်မှတ်ပြီးသည့်အလား နမ်ဂျွန့်ကို ကြည့်ကာ ပြုံးလိုက်မိသည်။

"မင်းငါ့ကို တစ်နေ့တော့ သဘောကျကို ကျလာစေရမယ် နမ်ဂျွန်"

jungkookတစ်ယောက်တစ်ရေရွက်လိုက်ပြီး လက်ထဲရှိ စီးကရက်တိုကို တောက်လိုက်ကာ
နမ်ဂျွန့်ကို တစ်ချက်ကြည့်ပြီး အိမ်သို့ ပြန်လာခဲ့တော့သည်။

RevengeWhere stories live. Discover now