ဂျွန်တို့ ပန်းချီပြခန်းက ပြန်တော့ ကားက ဂျွန့်ရဲ့အိမ်ရှိရာနေရာသို့ သွားနေခြင်းမဟုတ်ပေ။
ဂျွန် လမ်းကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး"ဦး ဂျွန့်ရဲ့အိမ်ကို ပြန်နေတာမဟုတ်ဘူးလား”
"မဟုတ်ဘူး ကိုယ့်အိမ်ကို သွားနေတာ ချာတိတ်ရောက်ဖူးအောင်လို့ ပြီးတော့ ချာတိတ်အိမ်က TVတောင်မရှိဘူး”
"TVကြည့်ဖို့မှ အချိန်မရှိတာ ဘာလုပ်ရမှာတုန်း TVကြီးအိမ်မှာထားပြီးတော့”
"ကိုက ဒီအတိုင်းပြောပြတာပါ အဓိကက
ကိုယ့်အိမ်ရောက်ဖူးအောင်လို့ပဲ”jungkookကို တစ်ချက်ကြည့်လိုက်ပြီး
လမ်းဘေးဘက်တွေကို ကြည့်နေလိုက်သည်။ တော်တော်ကြာမောင်းပြီးတော့
လူမနေဘူးထင်ရအောင် တိတ်ဆိတ်သည့် ရပ်ကွက်ထဲ မောင်းဝင်လာသည်။ခြံဝိုင်းကြီးများကလည်း တစ်ဝိုင်းနဲ့တစ်ဝိုင်း
အကျယ်ကြီးတွေဖြစ်ကာ တိုက်တွေကိုပင်
မမြင်ရပေ။ မြင်ရတဲ့ တိုက်ကလည်း အကြီးကြီးနဲ့တော်တော်လှပေသည်။"seoulရဲ့ သူဋ္ဌေးတွေနေတဲ့နေရာက ဒီလိုမျိုးပေါ့”
ဂျွန် အံ့သြစွာ တစ်ယောက်တည်းကြားရုံပြောလိုက်သည်။ jungkookအိမ်ရှေ့ကားရပ်ရုံနဲ့
အိမ်တံခါးကြီးပွင့်သွားကာ မောင်းဝင်လာခဲ့သည်။ ခြံထဲ၌ သစ်ပင်တွေအများကြီး အရွယ်စုံရှိသဖြင့် ဂျွန်ကားမှန်တံခါးချကာ ကားပြတင်းပေါက်တွင် မေးတင်ပြီး သစ်ပင်နံ့သင်းသင်းလေးကို ကြိုက်နှစ်သက်စွာ ရှူနေမိသည်။"ချာတိတ် အပင်တွေကို သဘောကျနေတာပေါ့”
"ဟုတ်တယ် အပင်တွေဒီလောက်အများကြီး
မတွေ့တာကြာပြီ ဂျွန်နေတဲ့ရပ်ကွက်ထဲက
ပန်းခြံထဲတောင် ဒီလောက်အပင်တွေမပေါဘူး”ဂျွန် jungkookကို လှည့်မကြည့်ပဲဖြေလိုက်သည်။
"အဲ့ဒါဆို ဂျွန်ဒီမှာလာနေလေ ဂျွန်ဒီမှာသစ်ပင်တွေနဲ့ပျော်တာပေါ့”
"ဂျွန် အလုပ်ရှိသေးတယ် ဦးလိုသူဋ္ဌေးမဟုတ်ဘူး”jungkookဘာမှမပြောတော့ပဲ ပြုံးနေလိုက်သည်။ တိုက်ရှေ့ရောက်တော့ ကားရပ်ပြီး နှစ်ယောက်သားကားပေါ်ကဆင်းကာ အိမ်ထဲဝင်လာခဲ့သည်။ဂျွန် jungkookရဲ့ အိမ်အကြီးကြီးကို
တအံ့တသြဖြင့် လိုက်ကြည့်နေမိသည်။