ဂျွန် ညစာစားပြီး jmတို့ကို နှုတ်ဆက်ကာ
အခန်းထဲ ပြန်လာခဲ့သည်။ ရေချိုးပြီး ညအိပ်ဝတ်စုံလဲကာ အခန်းပြတင်းပေါက်နား
မတ်တပ်ရပ်ပြီး ကောင်းကင်ကြီးကို
မော့ကြည့်လိုက်မိသည်။ ရာသီဥတုက
အေးနေကာ လျှပ်စီးများ လက်နေသည်ကို
တွေ့လိုက်ရသည်။ ဂျွန် ပြတင်းပေါက်ကို
မှီလိုက်ပြီး အပြင်ကို ဆက်ကြည့်နေမိသည်။
ဂျွန် seoulကို ရောက်ပြီး ပထမဆုံးအကြိမ်ရွာသောမိုးပင်။ seoulရဲ့ မိုးရေတွေအောက်မှာ
ဂျွန်ရဲ့ပထမဆုံးဖြစ်ပေါ်ခဲ့သော အချစ်ကို
ဝန်ခံခဲ့သည်။ ပထမဆုံးအနမ်းကိုလည်း
မိုးရေအေးအေးအောက်မှာ လက်ခံခဲ့သည်။
ဒီအချိန်ဆို ဦးဘာများလုပ်နေမလဲ...ဂျွန် accidentကြောင့်မေ့နေရာကနေ
ပြန်သတိရလာတော့ ကလေးမရှိတော့ဘူး
ဆိုတာသိပြီး ဝမ်းနည်းမဆုံးငိုကြွေးနေခဲ့သည်။
ဂျွန့်ခန္ဓာကိုယ်ရဲ့ ဒဏ်ရာတွေကို ဂရုမစိုက်မိ။
ကလေးလေးကိုသာ တမ်းတနေခဲ့မိသည်။
ဂျွန့်ကြောင့်ဆိုပြီး ကိုယ့်ဘာသာကို အပြစ်တင်
နေခဲ့မိသည်။ ဂျွန် သတိရတော့ ဦးကို တစ်ခါမှ
မတွေ့ရဘဲ ဦးရဲ့သူငယ်ချင်းတွေကိုသာ
ဆေးရုံ၌ တစ်ခါတစ်ခါတွေ့ရသည်။
ဂျွန်အကုန်လုံးနဲ့စကားသိပ်မပြောပဲ ထိုအချိန်
များကို ငေးငိုင်ရင်းနဲ့ပဲ ဖြတ်သန်းနေခဲ့သည်။
ဂျွန့်အတွက် အရိပ်မည်းသဖွယ်ဖြစ်ခဲ့သော
seoulကနေအမြန်ဆုံး ထွက်ပြေးချင်နေခဲ့သည်။
ထို့ကြောင့် တစ်ရက်ဂျွန့်အမေကို ပြောတော့
အမေက နားလည်စွာ busanဆေးရုံသို့
ပြန်ရွှေ့ပေးခဲ့သည်။ ဂျွန့်ခြေထောက်တွေက
ကျိုးသွားခဲ့သဖြင့် ဒဏ်ရာတွေသက်သာတော့
လေ့ကျင့်ခန်းများပြန်လုပ်ခဲ့ရသည်။
ဂျွန် ကိုယ့်ဘာသာကိုဆို ခြေထောက်ကို
ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ ဘာမှမလုပ်ချင်တော့။
သို့သော်ဂျွန့်ကွယ်ရာ၌ ငိုနေသော အမေနဲ့
အကိုကို ကြည့်ပြီး နောက်တစ်ကြိမ်မိသားစုကို
ဂျွန့်ကြောင့် ဝမ်းမနည်းစေဖို့ဆုံးဖြတ်ကာ
ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို
စလုပ်ခဲ့သည်။ မလွယ်ကူသော်လည်း
ဂျွန်လဲကျသည့်အချိန်တိုင်း ဂျွန့်ဘေးမှာ
အားပေးပေးခဲ့ကြသည်။ busanမှာ
အကုန်လုံးကို မေ့ကာ မိသားစုနဲ့အချိန်ကို
ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးခဲ့သည်။