အပိုင်း[၄၆]

182 26 5
                                    

jkနဲ့minsooအပြင်ထွက်သွားတော့ ဂျွန် ဆိုဖာ
ပေါ်မှာ ရှိနေတဲ့ အင်္ကျီကို မြန်မြန်ဝတ်လိုက်ပြီး အိမ်အပြင် ပြေးထွက်လာခဲ့သည်။ ဒီအိမ်မှာ ဆက်နေလျှင် minsooအချိန်မရွေးပြန်လာပြီး အခုလို ပြန်လုပ်ဖို့ ကြိုးစားဦးမှာ သေချာသည်။
အ​​စောက jkဒေါသထွက်လို့သာ minsooကို
အပြင်ခေါ်သွားတာ minsooက ချော့လျှင်
jkက minsooစကားနားထောင်မည်မှာအသေ
ချာပင်။ အခုဖြစ်တဲ့ကိစ္စက ဂျွန့်အမှားကြောင့်
ဆိုပြီးminsooကပြောလျှင် jkက ယုံမှာသေချာသည်။

သူတို့နှစ်ယောက်ပေါင်းပြီး နောက်တစ်ကြိမ်
နှိပ်စပ်ဦးမှာ မလိုချင်။  ဂျွန့်ကို မတွေ့လျှင်လည်း
jk ဂျွန့်ရဲ့အိမ်ကိုတော့ သွားပြီး ပြဿနာမရှာလောက်ဟုဂျွန်ထင်သည်။ ထို့ကြောင့်
ဂျွန် ဖိနပ်စီးပြီး ခြံဝိုင်းအပြင်ကို ပြေးထွက်လာ
ခဲ့သည်။ ဂျွန့်လက်ထဲ၌လည်း ပိုက်ဆံအဆင့်
သင့်မပါခဲ့။ အစောက အန်တီအတွက် taxiခ ပေးလိုက်၍ အလွယ်ထည့်ထားလေ့ရှိသော ပိုက်ဆံကုန်သွားပြီဖြစ်သည်။ ထို့အပြင်
ဘယ်ကို သွားရမှန်းမသိ။ hs hyungဆီသွား
လျှင်လည်း jkက ချက်ခြင်းရှာတွေ့မည်ဖြစ်သည်။ ဂျွန် ခြေဦးတည့်ရာ ပြေးလာပြီး ခြေထောက်နာလို့ရပ်လိုက်တော့ ဗိုက်က
ဆာနေပြီဖြစ်သည်။ထို့အပြင် အချိန်က ညနေစောင်းပင် ရောက်နေပြီဖြစ်သည်။
ဂျွန် ခြေထောက် ထော့နဲ့ထော့နဲ့နဲ့ လျှောက်သွားတော့ အနားရှိ စတိုးဆိုင် တစ်ဆိုင်ကို တွေ့၍
ရပ်ကာအထဲသို့ ကြည့်နေမိသည်။
ဂျွန် ဗိုက်ကို လက်နဲ့ပွတ်ကာ ခြောက်နေသောနှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်မိသည်။
ဂျွန့်မှာ ပိုက်ဆံမပါဘဲ ဘယ်လိုလုပ်ဝယ်ရမှာ
ပါလိမ့်။ ဂျွန် အထဲကို ငေးကြည့်နေသည်မှာ ဘယ်လောက်ပင်ကြာသွားသည်မသိ။
ကောင်တာရှိလူက အပြင်ထွက်လာသဖြင့်
ဂျွန် ဆက်ပြီးလျှောက်ဖို့ ထွက်လာခဲ့သည်။

"ဟိတ်…ဟိုရှေ့က ကောင်လေး”

ဂျွန် ဘေးဘီကို ကြည့်တော့ လမ်းပေါ်မှာ ဂျွန်နဲ့ဈေးဆိုင်က လူနဲ့ကလွဲ၍ တစ်ယောက်မှမရှိ။
ဂျွန် ထိုလူ့ကို ကြည့်လိုက်ပြီး ကိုယ့်ရင်ဘက်ကို လက်ညိုးနဲ့ထိုးကာ

"ကျွန်တော့်ကို ခေါ်တာလား”
"မဟုတ်ဘူး”
"အိုး…ဆောရီး ကျွန်တော့ခေါ်တယ်ထင်လိုက်လို့”

RevengeOnde histórias criam vida. Descubra agora