ဂျွန် ကျန်တဲ့နားရက်တွေ အကုန်လုံး jungkook
အိမ်မှာပဲ နေဖြစ်သည်။ jungkookက ဂျွန့်ကို လိုလေသေးမရှိ အကုန်ထားပေးထားသည်။
ထို့အပြင် jungkookက သူ့အိမ်မှာပဲ လာနေဖို့ခဏခဏပြောတော့ ဂျွန်နေရင်ကောင်းမလားလို့ စဉ်းစားလာမိသည်။ ဒါပေမယ့် သေချာမဆုံးဖြတ်နိုင်သေးပေ။ အခုလည်း ဂျွန်နဲ့jungkook အပြင်သွားဖို့ ပြင်ဆင်နေခြင်းဖြစ်သည်။ဒေါက်…ဒေါက်
ဂျွန်တံခါးသွားဖွင့်တော့ jungkookစောင့်နေသည်ကို တွေ့ရသည်။
"ချာတိတ် ပြီးပြီလား သွားရအောင်”
ဂျွန် ခေါင်းငြိမ့်ပြတော့ jungkookက ဂျွန့်ရဲ့လက်ကို ဆွဲကာ ထွက်လာသည်။ ထို့နောက် ကားမောင်းကာ jungkookအိမ်က ထွက်လာခဲ့သည်။ ဂျွန်လည်း jungkookကားသွားရာကိုသာ ရေဒီယိုနားထောင်ရင်း လိုက်လာခဲ့သည်။ ကားရပ်မည့်နေရာရောက်လို့ ကြည့်လိုက်တော့ ငါးပြတိုက်ဖြစ်နေသည်ကို တွေ့ရသည်။ ဂျွန့်နှုတ်ခမ်းတွေက တဖြည်းဖြည်းပြုံးလာလို့နေသည်။ jungkookက ဂျွန့်ကို ဘယ်နှစ်ခါဖြစ်ဖြစ်အံ့သြအောင် လုပ်နိုင်သည်။ ငါးပြတိုက်က ဂျွန်သွားချင်သော နေရာများထဲက တစ်ခုဖြစ်သည်။ ဒါပေမယ့် ဂျွန်တစ်ခါမှ မရောက်ဖူးပေ။
"ချာတိတ်”
ကြည့်လိုက်တော့ jungkookက ဂျွန့်အတွက်ကားတံခါးဖွင့်ပေးပြီး ကားပေါ်က အဆင်းကို စောင့်နေသည်ကို တွေ့ရသည်။
"ဘာတွေစဥ်းစားနေတာတုန်း”
"ဘာမှမဟုတ်ပါဘူး”ဂျွန် ကားပေါ်မှဆင်းလိုက်ပြီး နှစ်ယောက်သားအတူတူဝင်လာခဲ့သည်။ အထဲရောက်တော့
ဂျွန်တအံ့တသြဖြစ်ကာ မှန်တွေနားကို ကပ်သွားပြီး စိတ်လှုပ်ရှားကာ ကြည့်နေမိသည်။ [ဒီအပိုင်းက ရေးပြီးသားမို့ မဖျတ်တော့တာပါ ဒါရေးပြီးမှ joonက ဒီလိုနေရာ မကြိုက်မှန်း ပြောတဲ့ဟာတတ်လာလို့]