ဂျွန်နဲ့jk အဝတ်အစားတွေထည့်ရင်း
ပြန်ဖို့ပြင်ဆင်နေခဲ့သည်။"ဂျွန်တော့ ဒီမှာ ဦးနဲ့နေခဲ့တဲ့အချိန်တွေကို
အမြဲအမှတ်ရနေမှာပဲ ဒီလိုနေရာလေးမှာ
တစ်သက်လုံးနေရရင်သိပ်ကောင်းမှာပဲ”ဂျွန်ဆီက စကားသံကြားတော့ jkအဝတ်တွေကို
အိတ်ထဲထည့်ရင်း ပါးစပ်ကို တင်းတင်းစေ့ထားလိုက်သည်။ jkပါးစပ်က လက်လွက်စပယ်ကတိပေးလိုက်မိမှာကို စိုးသည်။ ထို့ကြောင့် မကြားချင်ယောင်ပဲဆောင်ကာ လုပ်လက်စအလုပ်ကိုပဲ
သဲကြီးမဲကြီးလုပ်နေလိုက်သည်။ ဖုန်းဝင်လာ၍
ကြည့်လိုက်တော့ သားသူငယ်ချင်းတွေဆီက
ဖြစ်၍ ထိုင်ရာမှ ဆက်ခနဲထလိုက်မိသည်။
jkရဲ့ရုတ်တရက်အပြုမူကြောင့် ဂျွန်မျက်လုံး
အပြူးသားဖြင့်ကြည့်နေတာကိုမြင်တော့
jkက ဘာမှမဟုတ်ဘူးလို့ ပါးစပ်လှူပ်ပြကာ
ဖုန်းပြောဖို့အပြင်သို့ထွက်လာခဲ့သည်။"hello henry ဘာကိစ္စရှိလို့လဲ”
"ကျွန်တော်တို့နှစ်ယောက် အန်ကယ်နဲ့ အရေးတကြီးတွေ့ချင်လို့ အခုလာတွေ့လို့
ရလား အိမ်ကိုပဲလာတွေ့ရင်ရော ရလားhenryရဲ့အသံက အလောတကြီးဖြစ်လွန်းနေ၍
jkမျက်မှောင်ကြုတ်လိုက်မိသည်။ ဘာကိစ္စ
ဒီလောက်အရေးကြီးနေရတာတုန်း။ သူတို့နဲ့
ရော jkပြောစရာကျန်သေးတာလား။"အန်ကယ်” henryရဲ့အသံကြောင့် jkရဲ့အတွေး
တွေ ပျက်သွားခဲ့ရသည်။"အင်း ကိုယ်အခုမအားသေးဘူး အလုပ်ကိစ္စနဲ့
တခြားမြို့ရောက်နေတာ မင်းတို့အရေးကြီးတာဆို ဖုန်းကပြောလေ”
"ဟို…ဟို အဲ့ကိစ္စကဖုန်းနဲ့ပြောတာအဆင်မပြေဘူး အန်ကယ်ဘယ်အချိန်ပြန်လာမှာလဲ”
"ကိုယ် ဒီနေ့ညနေပြန်ရောက်မှာ seoulကို
မနက်ဖြန်ကျ တွေ့လို့ရတယ် အဆင်ပြေလား”
"ဟုတ် မနက်ဖြန်ကျ ကျွန်တော်တို့စောင့်နေမယ်
အန်ကယ်”
"ok”jkဖုန်းကိုချပြီး အိမ်ထဲပြန်ဝင်လာခဲ့သည်။
"ဦး ဘယ်က ဖုန်းလဲ အဆင်ပြေရဲ့လား”
"ကိုယ့်အလုပ်က ဖုန်းပါ အရေးမကြီးပါဘူး
ချာတိတ် အဝတ်တွေအကုန်ထည့်ပြီးပြီမလား”
"ဟုတ် ဦး ဒါနဲ့ moonieကိုပါ ဂျွန်တို့နဲ့ခေါ်လာခဲ့မှာမလားဟင်”