hoseok မနက်ခင်းဆိုင်ကို ရောက်တော့ ကောင်တာမှာ ဂျွန့်ကို မတွေ့ဘဲ jungkookကို တွေ့လိုက်ရသည်။ ဂျွန်က jungkookကို ဆေးရုံမှာတုန်းက မိတ်ဆက်ပေးပြီးတည်းက ပြန်ရောက်တော့ jungkookနာမည်ကို စုံစမ်းကြည့်မိသည်။
ထင်သည့်အတိုင်း jeonရဲ့CEOဖြစ်နေသည်ကို တွေ့လိုက်ရတော့ hoseokအံ့သြသွားမိသည်။
ဒီလောက်နာမည်ကြီးတဲ့companyရဲ့ CEOက
ဒီလို ရပ်ကွက်ထဲက စတိုးဆိုင်ကို ညတိုင်းစျေးဝယ်လာသည်က ပုံမှန်မဟုတ်သောကိစ္စဖြစ်သည်ဟု ထင်သည်။"morning ဒီဆိုင်ရဲ့ပိုင်ရှင်မလား”
jungkookရဲ့အသံကြောင့် hoseokအတွေးများ ပြတ်သွားသည်။
"အင်း နမ်ဂျွန်ရော”
"ချာတိတ်ကို နားနေခန်းထဲမှာ အိပ်ခိုင်းထားတယ် သူပင်ပန်းနေတဲ့ပုံမလို့”hoseokခေါင်းငြိမ့်လိုက်ပြီး
"jungkook shi အပြင်မှာ စကားခဏလောက်ပြောလို့ရမလား”
hoseokစကားကြောင့် jungkookမျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး hoseokမျက်လုံးထဲကို
စက္ကန့်အနည်းငယ်ကြာစိုက်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းငြိမ့်လိုက်ပြီး"ရတယ်လေ ဘာပဲဖြစ်ဖြစ် ကိုလည်း ပြောစရာရှိတယ်”
ဒီတစ်လှည့်ကျ hoseokစိတ်ထဲ အံ့သြသွားမိသည်။ jungkookက သူ့ကို ဘာကိစ္စပြောစရာရှိရတာလဲ။ hoseokလည်း ဘာမှမပြောတော့ပဲ ရှေ့ကနေ အရင်ထွက်လာခဲ့သည်။ ဆိုင်အပြင်ရောက်တော့ jungkookကို မျက်နှာချင်းဆိုင်လိုက်ပြီး jungkookရဲ့မျက်လုံးထဲကို တည့်တည့်ကြည့်ကာ
"ဒီဆိုင်ကို ဘာကိစ္စရှိလို့ ညတိုင်း လာနေရတာလဲ”
"ဒီမေးခွန်းက ပုဂ္ဂိုလ်ရေးဆန်မနေဘူးလား hoseok shi ကရော ဘာကိစ္စဒီလိုမေးရတာလဲ ကိုယ့်ဆိုင်ကို စျေးလာဝယ်တဲ့သူတစ်ယောက်ကို”
"ဒီရပ်ကွက်ထဲကလူ ဆိုင်ကိုနေ့တိုင်းလာတယ်ဆိုရင်တစ်မျိုးပေါ့ ဒါပေမယ့် ဒီနေရာနဲ့ အဝေးကြီးမှာနေနေတဲ့သူဋ္ဌေးတစ်ယောက်က သာမန်ဆိုင်တစ်ဆိုင်ကို အမြဲတမ်းလာနေတာက ထူးဆန်းနေတာအမှန်ပဲ ပြီးတော့ နမ်ဂျွန်က ကျွန်တော့ညီရင်းလို ချစ်ရတဲ့သူ သူ့ကို ဘာအန္တရာယ်မှ မရှိစေချင်ဘူး”