အပိုင်း[၃၇]

169 26 3
                                    

ဒေါက်…ဒေါက်…ဒေါက်

"ဝင်ခဲ့”

jkရဲ့အသံမာမာကို ကြားရကတည်းက ဂျွန့်လက်ဖဝါးတွေပင် ချွေးများစိုလာခဲ့သည်။
ဂျွန်အသက်ကို ရှူလိုက်သွင်းလိုက်လုပ်ကာ
အခန်းတံခါးကို မဝံ့မရဲဖွင့်လိုက်ပြီး ဝင်သွားတော့ jungkookပုံစံကို မြင်ပြီး ဂျွန့်မျက်နှာ ဖြူဖျော့သွားတော့သည်။ ခါးပတ်ကို လက်ထဲ၌ကိုင်ကာ
စောင့်နေတဲ့ jkပုံစံကြောင့် ဂျွန်အခန်းပြင်ပြန်ထွက်ဖို့ပြင်တော့

"မင်း အခုအပြင်ကို ထွက်သွားရင် ဒီထက်ပိုပြီး
နာလိမ့်မယ် kim namjoon”

jkရဲ့ တစ်ခွန်းချင်းပြောလိုက်တဲ့စကားသံကြောင့်
ဂျွန် အခန်းတံခါးကို ပိတ်ကာ jkဘက်ကို
ပြန်လှည့်လိုက်မိသည်။ ဂျွန်ရဲ့ မျက်ဝန်း၌ မျက်ရည်စများဝဲလာပြီး တစ်ကိုယ်လုံးတုန်နေသည်မှာ သစ်ရွက်တစ်ရွက်အလားပင်။
ဂျွန့်ပုံစံကို ကြည့်ပြီး jungkook စိတ်တိုင်းကျစွာပြုံးလိုက်ကာ

"မင်း မနက်က ငါပြောခဲ့တာ မမှတ်မိဘူးလား”

jungkookပြောရင်း ကုတင်ပေါ်မှ ထကာလမ်းလျှောက်လာတော့ ဂျွန် တံခါးနဲ့ကျော
ကပ်သိအထိနောက်ဆုတ်မိသွားသည်။
ဂျွန် မျက်ဝန်းက မျက်ရည်များ တားမရစွာ
စီးကျလာခဲ့တော့သည်။

"ဦး…ဒီ…ဒီတစ်ခါတည်းပါ ဂျွန်
နောက်…နောက်နေ့ကျ ဦးပြန်လာတဲ့အချိန်
ပြီးအောင်လုပ်ထားပါ့မယ် ဂျွန်တောင်းပန်ပါတယ်နော်”
"ငါက”

ရွှမ်း

"ပြောပြီးသားစကားကို”

ရွှမ်း

" ပြန်မရုတ်သိမ်းတတ်ဘူး နမ်ဂျွန် အဲ့ဒါအကျင့်ဖြစ်နေလို့ ဘယ်လိုလုပ်မလဲ”

jungkookပြောပြီးတာနဲ့ လက်ထဲ၌ ကိုင်ထားသော ခါးပတ်ဖြင့် တရပ်စပ် ရိုက်တော့သည်။
ဂျွန် ဘယ်လောက်ပြောပြော jungkookက
မလျှော့ပေးပေ။ ဂျွန်နေရာ၌ ခွေကျသွားသော်လည်း jkအလျော့မပေးပဲ လဲကျနေတဲ့
နမ်ဂျွန်အားရိုက်နေမိသည်။ မနေ့က ဒဏ်ရာတွေပေါ် ဆက်ကာဆက်ကာရိုက်နေသဖြင့် သွေးများက တစ်စက်စက်ဖြင့်ကျနေခဲ့သည်။ jkရဲ့အားက
minsooထက်အများကြီးသာသဖြင့် ဂျွန့်ခန္ဓာကိုယ်က အရည်ပြားတွေ စုတ်ပြဲနေသလိုပင်
ခံစားနေရသည်။ အချက်ရေကို မရေနိုင်အောင် ရိုက်နေတုန်း

RevengeNơi câu chuyện tồn tại. Hãy khám phá bây giờ