jk ခေါင်းတစ်ခုလုံးနာကြင်ပြီး အိပ်ယာက
နိုးလာခဲ့သည်။ မရင်းနှီးတဲ့ အခန်းကြောင့်
jkအံ့သြသွားရသည်။ မနေ့ညက ဂျွန်အခန်းထဲပြေးဝင်သွားပြီနောက် jkအိမ်ကထွက်လာကာ ဘားကို ထွက်လာခဲ့ပြီး အရက်တွေ ထိုင်သောက်နေခဲ့တာပဲ မှတ်မိတော့သည်။ အဲ့နောက် ဘာဖြစ်ခဲ့လဲမမှတ်မိတော့။"နိုးလာပြီလား”
"yoongi hyung…”jkခေါင်းကို လက်တစ်ဖက်ဖြင့်ဖိကာ အိပ်ယာမှ ဖြည်းဖြည်းချင်းထထိုင်လိုက်သည်။
"ကျွတ်…ခေါင်းတွေ တအားကိုက်နေတာ”
"ကိုက်မှာပေါ့ မင်းမနေ့ညက ဆိုင်မှာ အရက်တွေ
တအားသောက်နေတာ ဆိုင်ကကောင်လေးက
မင်းမူးပြီး ဆိုင်ထဲမှာအိပ်ပျော်နေတယ်လို့
ဖုန်းဆက်မှ ငါနဲ့sj လာခေါ်ရတာပဲ ရော့ အကိုက်အခဲပျောက်ဆေးအရင်သောက်လိုက်”ygပေးတဲ့ဆေးနဲ့ရေခွက်ကို ယူကာ အရင်
သောက်လိုက်သည်။ တစ်ခေါင်းလုံးအုံခဲကာ
လှုပ်လိုက်ရင်ကို jkခေါင်းထဲက ကိုက်၍နေ သည်။ yg jkလက်ထဲက ရေခွက်ကို ယူလိုက်ပြီး"လန်းသွားအောင် ရေအရင်ချိုးလိုက် jk
အောက်မှာ sj hyung မင်းအတွက် အမူးပြေဟင်းရည်ချက်ထားတယ်”jkခေါင်းငြိမ့်ပြတော့ ygအခန်းပြင်သို့ထွက်လာခဲ့သည်။ ygထွက်သွားတော့ jkကုတင်မှ ဖြည်းဖြည်းထကာ ရေချိုးခန်းထဲ ဝင်လာခဲ့သည်။
jkရေချိုးခန်းထဲရှိမှန်ကို ကြည့်ကာ မနေ့ညက ကိစ္စကို ပြန်စဥ်းစားမိသည်။ မနေ့ညက ဂျွန်ရိုက်လိုက်တဲ့ ညာဘက်ပါးကို လက်ဖြင့်စမ်းလိုက်တော့ jkရင်ဘက်ထဲ နာကြင်လာခဲ့သည်။jk နောက်ပြန်လှည့်မရအောင် ဂျွန့်အပေါ်ရက်စက်ခဲ့မိပြီလား ဂျွန် ငါ့ကို တစ်သက်လုံးစာအတွက်
မုန်းသွားပြီလားjkရဲ့အတွေးတွေက မရေရာခဲ့။ ခေါင်းထဲမှာ အဖြေမရှိသော မေးခွန်းများကသာ ပဲ့တင်ထပ်
နေခဲ့သည်။ မနေ့ညက ဂျွန်ရေချိုးပြီး အခန်းထဲက ထွက်လာတဲ့ပုံစံကို ကြည့်ပြီး jkရင်တွေ
အခုန်မြန်လာခဲ့သည်။ ဂျွန့်ဆံပင်က ရေတွေက
မခြောက်သေးဘဲ စိုနေကာ နဖူးပေါ်ကို
ကျနေသည်။ ဂျွန့်မျက်နှာက ချိုးထားတဲ့
ရေကြောင့် နီနေကာ နှုတ်ခမ်းဖူးဖူးလေးက
ဘာမှမကူပဲနဲ့ကို ပန်းရောင်သန်းနေခဲ့သည်။
ဝတ်ထားတဲ့ အဖြူရောင် အပျော့သား
တီရှပ်ကဂျွန့်ရဲ့လည်တိုင်ကို ဖော်ထားပြီး
ပုခုံးကနေတွဲကျနေသည်။ jkစိတ်ထဲ ဂျွန့်ကို
နမ်းချင်စိတ်တွေ တဖြည်းဖြည်းပြင်းပြလာ
သည့်အပြင် အိမ်၌ ဂျွန်နဲ့သာ နှစ်ယောက်တည်း အတူရှိချင်နေမိသည်။ ဒါကြောင့်လည်း minsooကို ချက်ခြင်းပြန်လိုက်ပို့ခဲ့ခြင်းပင်။