အပိုင်း[၅၁]

185 26 2
                                    

Flashback
လွန်ခဲ့သော၂နှစ်(ဒိုင်ယာရီထဲဆိုပေမယ့်
ပုံမှန်ဖြစ်ပျက်နေတဲ့အတိုင်းပဲရေးမှာပါ
ဂျွန်ကပြန်ပြောပြတဲ့ပုံစံမဟုတ်ပါဘူး)

"joonie အိမ်အောက်မှာ minnieနဲ့taeရောက်နေပြီ ကျောင်းသွားဖို့ ဆင်းခဲ့တော့လေ”
"လာပြီ appa ခဏလေး”

ဂျွန် ကျောပိုးအိတ်ထဲ ထည့်ထားတဲ့ ပစ္စည်းတွေကို အရင်စစ်လိုက်သည်။

"အင်း စာအုပ်တွေကတော့စုံပြီ ရေးဖို့ရော”

ထို့နောက် ဂျွန်မှန်ရှေ့ရပ်လိုက်ကာ မှန်ထဲက
ကိုယ့်ပုံရိပ်ကို ကြည့်ကာ ပြုံးလိုက်မိသည်။
ဂျွန်တို့ကျောင်းရဲ့ကျောင်းဝတ်စုံကိုဝတ်ထားကာ
ငွေရောင်ဆံပင်တိုကို နဖူးပေါ်သပ်သပ်ရပ်ရပ်
လှန်တင်ထားခဲ့သည်။ ဂျွန် ပါးချိုင့်များပေါ်အောင်ပြုံးလိုက်ပြီး

"perfect”

ဂျွန် ကျောပိုးအိတ်လွယ်ပြီး အိမ်အောက်ပြေးဆင်းလာခဲ့သည်။

"minnie, tae tae သွားရအောင်”

ဂျွန်ဆင်းလာတာမြင်တော့ jmနဲ့tae ထိုင်ရာမှ
ထလာခဲ့ကြသည်။ ဂျွန် appaနဲ့ommaရဲ့ပါးကို နမ်းလိုက်ပြီး

"ဘိုင့်ဘိုင် appa,omma”

ထို့နောက် သူငယ်ချင်းသုံးယောက်သား
ကျောင်းသို့ ခြေလျင်ထွက်လာခဲ့ကြတော့သည်။

"joonie ကျောင်းတတ်ဖို့ တတ်ကြွနေတာပါလား”

လမ်းလျှောက်ရင်း တစ်ယောက်တည်း
စိတ်လှုပ်ရှားကာ ခုန်ဆွခုန်ဆွဖြစ်နေသော
ဂျွန့်ကို ကြည့်ကာ jmမေးလိုက်သည်။ thက
လည်းဂျွန့်ပုံစံကို ကြည့်ကာ ပြုံးနေခဲ့သည်။

"ဟုတ်တယ်လေ ဒီနှစ်က ဂျွန့်တို့ အထက်တန်းကျောင်း နောက်ဆုံးနှစ်လေ
ကျောင်းပြီးရင် seoulကိုသွားပြီးကျောင်း
တတ်ရမှာ ပျော်တာပေါ့ ဂျွန် ဒီတစ်နှစ်ကုန်ဖို့
မစောင့်နိုင်တော့ဘူး”

ဂျွန်ပြောပြီး ပါးချိုင့်နှစ်ဖက်ပေါ်အောင်
ပြုံးလိုက်မိသည်။ jmရော taeရော ဂျွန့်ရဲ့
ချစ်စရာကောင်းနေပုံကို ကြည့်ပြီး ပြုံးလိုက်
ကြသည်။ သူတို့သုံးယောက်က ငယ်ငယ်ကတည်းက စားအတူ သွားအတူ ခင်ခဲ့ကြ
သည့်သူငယ်ချင်းတွေဖြစ်ကာ အခု
အထက်တန်းကျောင်းအထိ တပူးပူး တတွဲတွဲ
ဖြင့်ဖြစ်သည်။ သုံးယောက်သားစကားတစ်ပြောပြောဖြင့် ကျောင်းသို့ရောက်လာခဲ့တော့သည်။
ဂျွန်တို့ကျောင်းထဲဝင်တော့ ဘေးကနေ
ကားအကောင်းစားကြီးတစ်စီးဖြတ်သွားသည်
ကို တွေ့လိုက်ရသည်။ ထိုကားက ဂျွန်တို့နဲ့
ခပ်လှမ်းလှမ်းသစ်ပင်အောက်တွင်ရပ်လိုက်
သည်ကို တွေ့လိုက်ရသည် ထို့နောက် ကား
ဒရိုင်ဘာဆင်းလာပြီး ကားနောက်ခန်းတံခါးကို
ဖွင့်ပေးတော့ ဂျွန်တို့အရွယ်ကျောင်းသားတစ်ယောက်ဆင်းလာသည်ကို တွေ့လိုက်ရသည်။
ဝတ်ထားသော အဝတ်အစားများက ကြည့်လိုက်တာနဲ့ စျေးကြီးမှန်းသိသာစေသည်။

RevengeOù les histoires vivent. Découvrez maintenant