နောက်နေ့မနက်ကျ jungkook အခန်းသော့တွေ ပြန်အပ်ပြီး ဂျွန်ရဲ့အိမ်ကို ထွက်လာခဲ့သည်။
ဂျွန့်အိမ်ရောက်တော Mrs.kimက မနက်စာ
အသင့်ပြင်ဆင်ပြီးစောင့်နေသည်။ ဂျွန်ကတော့ အခန်းထဲက ထွက်မလာသေးပေ။"jungkookလာ စားပွဲမှာပဲ တစ်ခါတည်းဝင်ထိုင်လိုက် ဂျွန့်ကို သွားခေါ်လိုက်ဦးမယ်”
jungkook Mrs.kimရဲ့လက်ကို ဆွဲလိုက်ပြီး
"ချာတိတ်ကို ကျွန်တော်ပဲ သွားခေါ်လိုက်မယ် အန်တီ”
Mrs.kimက ခေါင်းငြိမ့်ပြတော့ jungkook
အိမ်ပေါ်ထပ်က ဂျွန့်အခန်းဆီတတ်လာခဲ့သည်။ အခန်းတံခါးကိုင်လိုက်တော့ လော့ချမထားတာနဲ့ တံခါးဖွင့်ကာ အခန်းထဲဝင်လိုက်သည်။"ချာတိတ်”
ဂျွန် အဝတ်စားလဲဖို့အပေါ်အင်္ကျီချွတ်လိုက်တော့ အခန်းထဲဝင်လာတဲ့ jungkookကြောင့် မျက်လုံးများပြူးကာ လက်ပိုက်လိုက်ပြီး ခန္ဓာကိုယ်ကို ဖုံးနိုင်သလောက် ဖုံးထားလိုက်သည်။ ဂျွန့်ရဲ့မျက်နှာရဲနေမှာက ပြောစရာကိုပင် မလိုပေ။
ဂျွန့်ရဲ့ရှက်နေတဲ့ပုံစံကိုကြည့်ပြီး jungkook မထိတထိပြုံးလိုက်ကာ ရှေ့တိုးလာခဲ့သည်။
ဂျွန်ရှေ့ရောက်တော့ ဂျွန့်ရဲ့ခါးကို လက်နဲ့ဆွဲလိုက်သဖြင့် ရင်ဘက်ချင်းထိကပ်ကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အသက်ရှူသံနွေးနွေးလေးများရိုက်ခတ်နေတော့သည်။ဂျွန်ရဲ့ ခါးကို လက်နဲ့ သာသာယာယာပွတ်လိုက်ပြီး ဂျွန့်ရဲ့နားကို နှုတ်ခမ်းဖြင့် နမ်းလိုက်သဖြင့် ဂျွန့်ခန္ဓာကိုယ်တစ်ခုလုံ ကြက်သီးများပင် ထသွားကာ ညည်းသံသဲ့သဲ့ထွက်လာတော့သည်။
"ဦး~~~ဦး~~~”
jungkookနှုတ်ခမ်းက ဂျွန့်နှုတ်ခမ်းပေါ်ကို
ဖိနမ်းလိုက်သဖြင့် ဂျွန် စကားဆက်မပြောနိုင်တော့ပဲ နှုတ်ခမ်းကို အလိုက်သင့် ဟပေးလိုက်သည်။jungkookရဲ့ လျှာက ဂျွန်ရဲ့ နွေးနေတဲ့ နှုတ်ခမ်းထဲကို ဝင်လာပြီး ဂျွန်ရဲ့ပါးစပ်အနှံ့
နမ်းနေတော့သည်။"namjoonie……အား”
seojoon အခန်းတံခါးမခေါက်ဘဲဝင်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် မျက်လုံးကို လက်နဲ့အုပ်ပြီး အော်လိုက်မိသည်။