ဒေါက်တာရဲ့ကျေးဇူးကြောင့် ဂျွန်တစ်ပတ်လုံးနားနားနေနေ နေဖြစ်သည်။ အန်တီကြီးကလည်း ဂျွန့်ကို ဂရုစိုက်ပေးသဖြင့် ဂျွန့်ဒဏ်ရာတွေ တော်တော်သက်သက်လာသည်။ သို့သော် ဖြည်းဖြည်းသာ လှုပ်ရှားနိုင်သေးသည်။
jkကမူ ထိုတစ်ပတ်လုံး အမြဲတမ်း အိမ်ပြန်လာလျှင် minsoo ဆိုသော တစ်ယောက်နဲ့ဖြစ်သည်။ ထိုတစ်ယောက်က မနက်ခင်းလင်းမှသာ
ပြန်သွားတတ်သည်။တစ်ပတ်ပြည့်သည့် မနက်ကျ ဂျွန်မနက် ၄နနာရီထဲက အိပ်ယာထကာ သန့်ရှင်းရေးကို ဖြည်းဖြည်းချင်းလုပ်နေမိသည်။ jkက
တစ်ပတ်သာ နားရမည်ပြောထားသဖြင့်
ထပ်နား၍က မဖြစ်ပေ။ အိမ်ကြီးက အကြီးကြီးဖြစ်ကာ ဂျွန်တစ်ယောက်တည်း သန့်ရှင်းရေး လုပ်ရမည်ဖြစ်၍ ဒီအချိန်ထမှသာ တော်ကာကျသည်။ မနက်ခင်း ၇နာရီခန့်၌
ဂျွန် လှေကား၌ ထိုင်ကာ လက်ရန်းဘောင်တွေကို သန့်ရှင်းရေးလုပ်နေခဲ့သည်။ ဂျွန် အပေါ်ကနေ အောက်သို့ ဆင်းကာ ဖြည်းဖြည်းချင်းသုတ်နေတုန်း တစ်ယောက်ယောက်ကြည့်နေသလို
ခံစားမိတော့ လှေကားထိပ်၌ မတ်တပ်ရပ်ကာ
ဂျွန့်ကို ငုံကြည့်နေတဲ့ minsooကို တွေ့လိုက်ရတော့ ဂျွန်ခေါင်းကို မြန်မြန်ငုံ့လိုက်ပြီး သန့်ရှင်းရေးမြန်မြန်ပြီးအောင် လုပ်နေမိသည်။ minsooဝတ်ထားတဲ့ အင်္ကျီကို
မြင်တော့ jkအင်္ကျီမှန်း ဂျွန်သတိထားမိသည်။
ထိုအရာက ဂျွန့်ရဲ့ရင်ဘတ်ကို အောင့်စေသည်။
သို့သော် jkနဲ့အဲ့တစ်ယောက်ရဲ့ပတ်သတ်မှုကို
သိပြီးဖြစ်၍ ဂျွန်သက်ပြင်းပဲချကာ အလုပ်ကို
သာ အာရုံစိုက်နေလိုက်သည်။"ဒုန်း…”
မျက်စိတမှတ်အတွင်း ဂျွန် လှေကားထစ်အတိုင်း ဒလိမ့်ခေါက်ကွေးကျသွားသဖြင့် မျက်လုံးများပြာသွားကာ ခေါင်းတစ်ခုလုံးမူးနောက်သွားရသည်။ ရိုက်ခံထားရတဲ့ ဒဏ်ရာတွေကြောင့်
ဂျွန့်အသားတွေ ပူခနဲဖြစ်သွားကာ တစ်ဆစ်ဆစ်ကိုက်လာခဲ့သည်။ ဂျွန် မျက်လုံးကို အတင်းမှိတ်လိုက်ပြီး အမြင်တွေပြန်ကြည်အောင် ဖြည်းဖြည်းချင်းပြန်ဖွင့်ပြီး ခေါင်းကို လက်နဲ့စမ်းလိုက်မိသည်။ တော်သေးလို့ ခေါင်းပေါက်မသွားခဲ့။ အစောက ဘာဖြစ်လို့ပြုတ်ကျ???