ဂျွန် တရေးနိုးလို့ မျက်လုံးဖွင့်ကြည့်တော့ မျက်နှာကြက်ရှိ ဖန်ချောင်းရဲ့အလင်းရောင်က
ဂျွန့်ရဲ့မျက်လုံးထဲ စူးခနဲဝင်ရောက်လာသဖြင့်
ဂျွန်မျက်လုံးကို မြန်မြန်ပိတ်လိုက်မိသည်။"ချာတိတ် နိုးပြီလား”
ဂျွန် ကြားလိုက်ရတဲ့အသံနဲ့အတူ မျက်လုံးကို သာသာယာယာဖွင့်ကြည့်တော့ ဂျွန့်ကို ပြုံးပြီး
ငုံ့ကြည့်နေတဲ့ jungkookကို တွေ့လိုက်သည်။
ဂျွန် ဖြည်းဖြည်းချင်းဘယ်ရောက်နေလဲ စဥ်းစားတော့ ဂျွန် jungkookပေါင်ပေါ်ထိုင်ပြီး အိပ်ပျော်သွားသည်ကို အမှတ်ရတော့ ဂျွန်မျက်နှာတွေ
ပူလာသည်။"ဦး…ဦး ဘယ်…ဘယ်လောက်ကြာသွားပြီလဲ”
ဂျွန်ပြောရင်း jungkookပေါ်ကနေ ထဖို့ကြိုးစားလိုက်သည်။ သို့သော် jungkookက ဂျွန့်ရဲ့ခါးကို တင်းတင်းဖတ်ထားသဖြင့် ဂျွန်ထမရပေ။
ဂျွန် jungkookကို မျက်လုံးများဝိုင်းကာ
ကြည့်လိုက်ပြီး"ဦး ညောင်းနေမလားလို့ ဂျွန်ဖယ်ပေးမလို့လေ”
jungkookက ခေါင်းရမ်းလိုက်ပြီး
"ကို မညောင်းပါဘူး မင်းဒီလိုမျိုးနေတာ ကို
ပိုတောင်သဘောကျသေးတယ်”ဂျွန် ခေါင်းငြိမ့်လိုက်ပြီး jungkookရင်ခွင်ကို ခေါင်းမှီကာ
"အခုလိုမျိုးနေနေတာ ဘယ်လောက်ကြာသွားပြီလဲ”
"inn ၅နာရီကျော်ကျော်လောက်ရှိပြီ”jungkook စကားကြောင့် ဂျွန်အလန်တကြားဖြင့်
"၅…၅နာရီ ဦး မညောင်းဘူးဆိုတာသေချာလား ဂျွန့်ခန္ဓာကိုယ်က မလေးဘူးလား”
jungkookက ရယ်လိုက်ပြီး
"မင်းကိုယ်က လေးဖို့နေနေသာ ပေါ့လွန်းလို့ ဟုတ်ရောဟုတ်ရဲ့လားတောင်တွေးနေတာ ချာတိတ်ရဲ့ မင်း ထမင်းများများစားသင့်တယ်
အဲ့ဒါမှ မင်းဝိတ်ပြန်တတ်မှာ အခုမင်းကြည့်ရတာ အရိုးပေါ်အရေတင်ကို ဖြစ်နေပြီ”
"ဟမ်…”ဂျွန် ဘာမှမပြောပဲ မျက်လုံးပြန်မှိတ်လိုက်ပြီး
ဘာမှထပ်မပြောနိုင်တော့ပေ။ ဆေးအရှိန်ကြောင့်ရော ပင်ပန်းနေခြင်းကြောင့်ပါ ဂျွန်မျက်ခွံများလေးလာကာ သန်းလိုက်မိသည်။ ဂျွန်ကိုယ်တိုင်ပင် မသိလိုက်ပဲ jungkookရင်ခွင်ကို ဂျွန်မျက်နှာနဲ့ ကပ်လိုက်ကာ တစ်ဖန်အိပ်ပျော်သွားပြန်သည်။