အပိုင်း[၁]

713 32 0
                                    

လင်းလက်နေသောကြယ်ကလေးများ ညရဲ့ကောင်းကင်ကို အလှဆင်ဖို့ပြင်နေချိန်မှာပဲ တိမ်မဲများဖုံးအုပ်လာကာ မိုးက ရုတ်တရက် ကမ္ဘာမြေပေါ်ကို သဲကြီးမဲကြီးရွာချလာသဖြင့် လူတိုင်း မြန်မြန်ပြေးလွှားကာ မိုးရိပ်ခိုနေကြသည်။

ကားမှတ်တိုင်အောက်၌လည်း ကားစောင့်ရင်းမိုးခိုနေသောသူများနဲ့ ပြည့်နေသည်။အချိန်က ည၇နာရီလောက်ခန့်ဖြစ်သောကြောင့် လှလှပပဝတ်စားလာပြီး night outထွက်လာသောသူများက မျက်နှာရှုံ့မဲ့ကာ နီးစပ်ရာဆိုင်များထဲသို့ပြေးဝင်နေကြသည်။

သို့သော် ခန္ဓာကိုယ်နဲ့မလိုက်ဖက်လောက်အောင် ကြီးတဲ့ hoodieဝတ်ထား​သောကောင်လေးတစ်ယောက်ကတော့ မိုးရွာတာကို မမှုသည့်အလား  ခေါင်းစွပ်စွပ်ပြီး လျှောက်လာနေသည်။ သူ့မျက်နှာက ဘာကိုမှ မခံစားတတ်သည့်အလား မိုးစက်များက မျက်နှာကို အရှိန်ပြင်းပြင်းရိုက်ခတ်နေသည်ကို ဘာမှမဖြစ်သည့်အလား အမူအရာ
မပြပေ။ ခြေလှမ်းတစ်လှမ်းခြင်းရွေ့ကာသာ လျှောက်နေတော့သည်။ ခဏကြာတော့ နှစ်ဆယ့်လေးနာရီဖွင့်တဲ့ စတိုးဆိုင်ထဲကို လျှောက်ဝင်သွားတော့

"နမ်ဂျွန် မိုးတွေမိလာတာလား”

ဆိုင်ပိုင်ရှင်က ဂျွန့်ကိုမြင်တော့ ဂျွန့်ဘေးကို အပြေးလာပြီး မေးသည်။

"ဟုတ် အလုပ်လာရင်းမိုးက ရွာလာတော့”
"မိုးရွာတာကို ဘေးတစ်နေရာရာဝင်ပြီး မိုးခိုလေ”
"ရပါတယ် ဒီမှာအဝတ်အစားတစ်စုံအပိုရှိတယ် အခုသွားလဲလိုက်မယ်”

hoseok ထွက်သွားသောနမ်ဂျွန်ကိုကြည့်လိုက်ပြီး သက်ပြင်းချမိသည်။ ဒီနှစ်ဆို နမ်ဂျွန် ဆိုင်မှာအလုပ်လုပ်တာ တစ်နှစ်ပင်ပြည့်တော့မည်။
နမ်ဂျွန့်ပုံစံက စတွေ့တုန်းက ပုံစံအတိုင်းလုံးဝပြောင်းမသွားပေ။

လွန်ခဲ့တဲ့တစ်နှစ်တုန်းက hoseok ဆိုင်အတွက် ညဘက် အလုပ်သမားခေါ်တော့ မျက်နှာက မှုန်တေတေနဲ့ ကောင်လေးတစ်ယောက်က အလုပ်လိုချင်လို့ဆိုတော့ အံ့သြမိသွားသည်။ ပုံစံက လူရည်သန့်လေးဆိုပေမယ့် ဆံပင်ကပုံမှန်ထက်ရှည်နေပြီး အဝတ်အစားက ကပိုကရိုနဲ့မို့ လူတိုင်းသူ့ဆို အလုပ်ခန့်မည့်ပုံမပေါ်။

RevengeHikayelerin yaşadığı yer. Şimdi keşfedin