"ဗုန်း”
ဂျွန့်စားပွဲပေါ်ပစ်တင်လိုက်တဲ့ စာအုပ်ကြောင့်
ဂျွန့်ကိုယ်လေး တွန့်ခနဲဖြစ်သွားရသည်။
မော့ကြည့်တော့ ခပ်ထေ့ထေ့ပြုံးနေတဲ့
junghoကိုတွေ့လိုက်ရသည်။"ငါ့ရဲ့အိမ်စာတွေ ဒီအပတ်အပြီးလုပ်ပြီး
နောက်တစ်ပတ်တစ်ခါတည်းထပ်လိုက်”ဂျွန် နှုတ်ခမ်းကိုကိုက်ကာ ခေါင်းမြန်မြန်ငြိမ့်
ပြလိုက်သည်။ စာမေးပွဲက နီးလာပြီဖြစ်၍
ဂျွန့်စာကို ကြိုးကြိုးစားစားကြည့်နေ၍ သိပ်မအားပေ။ ထို့အပြင် အင်္ဂလိပ်စာပါ သီးသန့်
ထပ်လေ့လာနေရသေးသည်။ကိုယ့်အချိန်နဲ့ကိုတောင်မအားတာ သူရဲ့အိမ်စာကို လုပ်ပေးရဦးမည်။ junghoကရော စာလုပ်ရဲ့လားမသိ။ အိမ်စာတွေကအစ ဂျွန်ပဲ အမြဲရေးပေးနေရသည်။ jungho ထိုင်ခုံဆီပြန်သွားမလို့လုပ်ပြီး
မှဂျွန့်ဆီပြန်လှည့်လာကာ"ဒီတစ်ပတ်စနေကျရင် ငါတို့သူငယ်ချင်းတွေ
လျှောက်သွားကြမှာ အဲ့ဒါမင်းလိုက်ခဲ့ ကျောင်းမှာပဲဆုံမယ်”jungho စကားကြောင့် ဂျွန်ဘာပြောရမှန်းမသိပင် ဖြစ်သွားတော့သည်။
"jung…jungho စာ…စာမေးပွဲက”
ဂျွန် junghoကိုကြည့်တော့ အာမေဋိတ်အသံ
ပင်ထွက်သွားရသည်။ junghoရဲ့ မျက်လုံးများကမဲနက်နေကာ ဂျွန့်ကို နောက်ထပ်ဆက်ပြောရဲရင်ပြောလိုက်ဟု စိန်ခေါ်နေသဖြင့် ဂျွန်နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်မိသည်။ jungho
ဂျွန့်ကို သတိပေးတဲ့အကြည့်နဲ့ကြည့်ပြီး
ထွက်သွားခဲ့သည်။စနေနေ့ကျ ဂျွန် ၈နာရီလောက်ကတည်းက
အိမ်ကထွက်လာပြီး ကျောင်းကိုရောက်လာခဲ့သည်။ ၉နာရီကျတော့ junghoတို့သုံးယောက်ရောက်လာပြီး မြို့ထဲ လျှောက်ပတ်ခဲ့ကြတော့သည်။ ကစားကွင်း ရုပ်ရှင်ရုံနဲ့ mallတွေအထိပါ လျှောက်သွားကြသည်။ တစ်လျှောက်လုံး ဂျွန်စကားတစ်ခွန်းမှမပြောပဲ
တိတ်တိတ်ဆိတ်ဆိတ်ဖြင့်သာ လိုက်လာခဲ့
သည်။ ဂျွန့်ခြေထောက်တွေလည်း သွေးခြေ
ဥနေပြီဟု တွေးမိသည်။ ခြေထောက်ကနာ
နေသော်လည်း အံကြိတ်ကာ junghoတို့
သွားသည့်နောက် တကောက်ကောက်လိုက်လာခဲ့ရသည်။နောက်ဆုံး ရပ်သည့်နေရာကြောင့်
ဂျွန် မျက်လုံးများဝိုင်းသွားကာ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေခဲ့သည်။ junghoက နောက်လှည့်
ကြည့်ပြီး