ဂျွန် နံရံကို အားပြုကာ ကြမ်းပြင်ပေါ်မှ ဖြည်းဖြည်းချင်းထကာ မတ်တပ်ရပ်လိုက်
သည်။junghoက လူသိမည်စိုးသောကြောင့်
ဂျွန့်ရဲ့ လူမြင်စေမယ့်နေရာတွေကိုတော့
ထိခိုက်အောင်မလုပ်။ ဂျွန် အတန်းထဲကို သွား
ရမှာကြောက်နေမိသည်။ junghoနဲ့မျက်နှာချင်းမဆိုင်ရဲပေ။တစ်ခန်းထဲအတူကျသည့် ကိုယ့်ကံကို အပြစ်တင်မိသည်။ သို့သော် အတန်းက
မသွားလို့မဖြစ်ပေ။ ဒီအချိန်ဆို အတန်းထဲ
ဆရာတောင် ဝင်နေရောပေါ့။ ဂျွန် တစ်လှမ်း
ချင်းအခန်းဆီလျှောက်လာခဲ့သည်။ ထင်သည့်အတိုင်းပထမအချိန်ပင်စနေပြီဖြစ်သည်။
ဂျွန် အတန်းထဲဝင်ခွင့်တောင်းတော့ ဆရာက ခေါင်းငြိမ့်ပြပြီး"နမ်ဂျွန် နေကောင်းရဲ့လား”
"ဟုတ်…ဟုတ်ကဲ့ ကောင်းပါတယ် ဆရာ”ဂျွန် နဖူး၌ထွက်နေသောချွေးတွေကို လက်နဲ့
သုတ်ပြီး ဖြေလိုက်မိသည်။ ဂျွန်ပြောပြီး ထိုင်ခုံ
ရှိရာသို့လျှောက်လာတော့ စိတ်ပူနေတဲ့ jmနဲ့taeကို တွေ့လိုက်ရသည်။ သူငယ်ချင်းတွေ
လည်းစိတ်ပူမှာပေါ့။ ဂျွန် ဒီလိုမျိုးစာသင်ချိန်
နောက်ကျဖူးတာ ပထမဆုံးပင်။ ဂျွန် ထိုင်ခုံမှာ
ဝင်ထိုင်တော့ taeက ဂျွန်နားကပ်ပြီး
အသံတိုးတိုးဖြင့်"ဂျွန် တကယ်ရောအဆင်ပြေရဲ့လား”
ဂျွန်ပြုံးပြလိုက်ပြီး
"ပြေပါတယ် စိတ်မပူနဲ့နော် ဆရာစာသင်နေပြီ
စကားမပြောတော့နဲ့”taeရော jmရော ခေါင်းငြိမ့်ပြသော်လည်း
နှစ်ယောက်လုံးရဲ့မျက်ဝန်းတွေဆီက စိုးရိမ်မှု
ကပျောက်ကွယ်မသွားခဲ့ပေ။ ဂျွန် သူငယ်ချင်းတွေရဲ့ အကြည့်တွေကို မသိချင်ယောင်ဆောင်ကာ ဆရာစာသင်တာပဲ အာရုံစိုက်နေခဲ့တော့သည်။ ထိုနေ့က တစ်နေကုန် jmတို့အနား
မှာပဲ နေပြီး junghoနဲ့မတွေ့အောင်ရှောင်နေမိသည်။ မနက်ဖြန်အတွက်လည်း ဂျွန် jungho
ကိုရအောင်ရှောင်မည်ဟုတွေးထားသည်။ဂျွန် အိမ်ပြန်ရောက်တော့ papaရော hyungရော အလုပ်က ပြန်မရောက်သေးပေ။ ဂျွန့် ommaသာ
အိမ်မှာရှိသည်။ ဂျွန် ommaကို ဖက်နမ်းလိုက်ပြီး"ဂျွန် ပြန်လာပြီ omma”
"သား ကျောင်းမှာ အဆင်ပြေရဲ့လား”
"ဟုတ် ပြေတယ် omma”
