အပိုင်း[၄၅]

192 29 4
                                    

ဂျွန်မနက်ခင်းအိပ်ယာထတော့ မနေ့ညက
jk သူ့ကို နမ်းတဲ့ကိစ္စက အတွေးထဲ၌ ပြန်ပေါ်
လာခဲ့သည်။ မျက်ရည်များက မသိလိုက်ခင်ပဲ
ဂျွန့်ရဲ့ပါးနှစ်ဖက်လုံး ရွှဲစိုလို့နေတော့သည်။
အခုရော jkက ဘယ်လိုမျိုး ဂျွန့်ကို
ဆော့ကစားချင်နေတာလဲ။ ဂျွန့်ကို တွန်းလိုက်
ဆွဲလိုက်လုပ်ရအောင်လည်း ဂျွန်က အရုပ်မဟုတ်။ jkဘာတွေတွေးနေလဲဆိုတာ မစဥ်းစားတတ်အောင်ဖြစ်မိသည်။

ဂျွန် နှုတ်ခမ်းကို လက်နဲ့ကြမ်းကြမ်းတမ်းတမ်းပွတ်ပစ်လိုက်ပြီး အိပ်ယာပေါ်က ထကာ မျက်နှာသစ် သွားတိုက်ပြီးအိမ်သန့်ရှင်းရေး
လုပ်ရန် အခန်းပြင်ထွက်လာခဲ့သည်။ အန်တီကြီးက မရောက်သေးပေ။ ဂျွန်သန့်ရှင်းရေးစလုပ်ပြီး တစ်နာရီခွဲလောက်ကြာမှ အမြဲရောက်သည်။
ဂျွန်ကသာ jkအပြစ်ပေးမခံချင်၍ စောစောထကာ သန့်ရှင်းရေးလုပ်နေရခြင်းဖြစ်သည်။
တံခါးမကြီးကို ဖွင့်တော့ jkရဲ့ကားကို တိုက်ရှေ့
မတွေ့ရပေ။ ဒါဆို မနေ့ညကတည်းက
အပြင်ထွက်သွားတာ ပြန်မလာသေးတာပေါ့။ jkအကြောင်းမတွေးတော့ပဲ
သန့်ရှင်းရေးစလုပ်လိုက်တော့သည်။ 

"morning နမ်ဂျွန်လေး”

အသံကြားရာကြည့်လိုက်တော့ ထမင်းချက်အဒေါ်ကြီးဖြစ်နေသည်။ ဂျွန်နာရီကြည့်တော့ ၅နာရီပင်ခွဲနေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။
အချိန်က ဒီလောက်ပင်ရှိနေသည်ကို သတိမထားမလိုက်ပေ။

"morning အန်တီကြီး”
"Mr.jeonကားမတွေ့ပါဘူး မနေ့ညက ပြန်မလာဘူးလား”
"ဟုတ် ဘယ်သွားတယ်တော့ပြောမသွားဘူး
ကားထွက်သွားတဲ့အသံပဲ ကြားလိုက်တယ် ညက”

အဒေါ်ကြီး ခေါင်းညိမ့်ပြီး မနက်စာ ချက်ရန် မီးဖိုခန်းသို့ ဝင်သွားသည်။ ပုံမှန်လို မနက်စာစားမည့်အချိန်ထိ jkပြန်မလာသေးပေ။ ဂျွန် သူ့ရဲ့
ဖုန်းလေးကို ကိုင်ပြီး jkနံပါတ်ကို ကြည့်နေမိသည်။ ဒီနေ့က ရုံးဖွင့်ရက်ဖြစ်၍ ရုံးရောက်
နေပြီလားမသိ။

သူလည်း လူကြီးပဲ ဗိုက်ဆာရင် သူ့ဟာသူ မနက်စာ ဝယ်စားလိမ့်မယ်ပေါ့။ ဖုန်းဆက်မနေတော့ဘူး။ တော်ကြာ ဖုန်းဆက်မှ တစ်မျိုးထင်နေလိမ့်မယ်

RevengeOnde histórias criam vida. Descubra agora