ဂျွန် ညဘက်နိုးတော့ jungkookကို အိမ်မှာမတွေ့ပေ။ ဂျွန်ထပြီး ရေတစ်ခွက်သောက်ကာ အခန်းပြင် ထွက်လာခဲ့သည်။ အပြင်ရှိခင်းထားသော
ကုတင်ပေါ်မှာ အကင်လုပ်ဖို့ အလုပ်ရှုပ်နေသော jungkookကိုတွေ့ရ၍ အံ့သြသွားခဲ့သည်။
ဂျွန် jkနားကို ဖြည်းဖြည်းချင်းသွားပြီး"ဦး ပြန်သွားပြီထင်နေတာ”
"ချာတိတ် ကိုယ့်ကို အဲ့လောက်တောင်ပြန်စေချင်နေတာလား”
"အဲ့လိုတော့မဟုတ်ပါဘူး အာ့ဆို ဦးက ဂျွန့်အိမ်မှာ ဘယ်နှရက်နေဖို့စဥ်းစားနေတာတုန်း”ဂျွန်မေးတော့ jungkookက စပ်ဖြဲဖြဲလုပ်ပြီး
"ကို တစ်ပတ်လုံးမင်းနဲ့နေမလားလို့ မင်းတစ်ယောက်တည်းနေတာဆိုတော့ ကိုစိတ်မချဘူး”
ဂျွန် ကုတင်ပေါ် ဝင်ထိုင်လိုက်ပြီး
"ဂျွန် ၂နှစ်လုံးဒီလိုပဲနေလာတာပါ”
ဂျွန်လေသံတိုးတိုးဖြင့် ပါးစပ်လှုပ်ရုံပြောလိုက်သည်။ jungkookကလည်း ကြားဖြစ်အောင်ကြားသွားပြီး
"အဲ့တာအရင်က ကိုမသိခင်တုန်းကလေ အခုကိုက ချာတိတ်ကို သိနေပြီဆိုတော့ ကိုယ်မင်းကို တစ်ယောက်တည်း မထားနိုင်ဘူး”
"ဂျွန့်အပေါ် ဘာလို့ဒီလောက်ကောင်းပြနေတာတုန်း ဂျွန် ဦးအပေါ်ဆို အမြဲရိုင်းခဲ့တာကို”ဂျွန်ပြောတော့ jungkookက ရယ်လိုက်ပြီး
"ကို မင်းကိုအရင်က ပြောခဲ့သလိုပဲ ကိုယ်မင်းကို ခင်ချင်လို့ပါဆို”
jungkookပြောပြီး အသားများကို အကင်အိုးပေါ်တွင်တင်ပြီး ကင်နေလိုက်သည်။ ဂျွန် မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး
"ဒီပစ္စည်းတွေက ဘယ်ကရတာလဲ ဒီစားပွဲကရော ပြီးတော့ အကင်အိုးရော ဂျွန့်ဆီမှာတစ်ခုမှ
မရှိဘူး”ဂျွန် အူကြောင်ကြောင်နဲ့ပြောတော့ jungkookက ဂျွန့်နဖူးကို လက်နဲ့တောက်လိုက်ပြီး
"ဘယ်ကရရမှာတုန်း ချာတိတ်အိပ်နေတုန်းက
ကိုစျေးသွားပြီးဝယ်လာတာ မင်းကိုစားစေချင်လို့”ဂျွန်မှ ထပ်မပြောတော့ဘဲ တိတ်တိတ်ဆိတ်ဆိတ်သာ နေနေလိုက်သည်။ ခဏကြာတော့ ဂျွန်နေတဲ့ခေါင်မိုးထပ်က အသားကင်နံ့များဖြင့် ပြည့်နှက်နေတော့သည်။ jungkookက ဘီယာဘူးပါ
ဝယ်လာသဖြင့် စားလိုက် ဘီယာသောက်လိုက်
ဖြင့် ရောက်တတ်ရာရာပြောနေခဲ့သည်။