အပိုင်း[၆၀]

187 24 2
                                    

ဒီနေ့ jmတို့နဲ့သွားတွေ့မည်ဖြစ်၍ ဂျွန်စိတ်လှုပ်ရှားကာ အိပ်ယာစောစောနိုးဖြစ်သည်။
ဂျွန် နိုးတော့ jkအိပ်နေတုန်းပင်ရှိသေးသည်။
အစက jmတို့ကို ဖုန်းဆက်ပြီးမှ သွားဖို့
ပြင်ထားသော်လည်း ကျောင်းရောက်မှပဲ
ဖုန်းဆက်ဖို့ စဥ်းစားထားသည်။ ဂျွန် ရုတ်တ
ရက်ကျောင်းရောက်လာလျှင် ဖြစ်သွားမည့်
jmရဲ့မျက်နှာကို တွေးမိပြီး ဂျွန်တခစ်ခစ်ရယ်
နေမိသည်။ ဂျွန် မျက်နှာသစ်သွားတိုက်လိုက်ပြီး အပြာနုရောင်တီရှပ်နဲ့ဂျင်းဘောင်းဘီဝတ်ကာ
ဖလန်ထည်လက်ရှည်ကို လဲဝတ်လိုက်သည်။
ဂျွန် ပြင်ဆင်ပြီးသည့်အထိ jkက အခုထိမနိုးသေး။"ဟွန့်" ဂျွန်နှာခေါင်းရှုံ့လိုက်ပြီး jkအိပ်
နေတဲ့ဆီ လျှောက်သွားကာ

"ဦး...ထတော့ ကျောင်းလည်းသွားရဦးမှာ
ဂျွန်တောင် အကုန်ပြီးနေပြီကို"

ဂျွန့်အသံက jkရဲ့ အိပ်မက်လှလှကို ပျက်သွားစေသည်နဲ့တူသည်။ jk ဘေးတစ်ဖက်ကို
စောင်းကာ ပြန်အိပ်သွားတော့ jkရဲ့ပုခုံးကို
ခပ်ကြမ်းကြမ်းလှုပ်ကာ

"ဦး ထတော့ပါဆို မထရင်ဂျွန်ကိုယ့်ဘာသာကို
သွားလိုက်မှာနော်"
"ok ok ကိုအခုထပြီ ကျေနပ်ပြီလား"

ဂျွန့်စကားကြားမှ jkအိပ်ရာကနေ ဆက်ခနဲ
ထတော့သည်။

"ဂျွန် ဧည့်ခန်းထဲကစောင့်လိုက်လေ ကိုယ်
ရေမြန်မြန်ချိုးပြီးထွက်ခဲ့မယ် ဟုတ်ပြီလား"

ဂျွန်ထွက်သွားတော့ jkရေချိုးခန်းထဲဝင်ကာ
ရေမြန်မြန်ချိုးပြီး အဝတ်အစားလဲကာ
ထွက်လာခဲ့သည်။ ထို့နောက် နှစ်ယောက်သား
နံနက်စာစားကာ ကျောင်းသို့ထွက်လာခဲ့ကြသည်။ ကျောင်းရောက်တော့ ဂျွန်ကားပေါ်က စိတ်လှုပ်ရှားစွာ ဆင်းလိုက်ပြီး တက္ကသိုလ်ကြီးကို
တအံ့တသြကြည့်နေမိသည်။ ဒါ ဂျွန်အမြဲတမ်း
စိတ်ကူးယဥ်ခဲ့ရတဲ့ တက္ကသိုလ်ပဲ။ ဂျွန် စိတ်ထဲဝမ်းနည်းမိသော်လည်း jk စိတ်ညစ်သွားမှာစိုး၍
ဘာအမူအရာမှမပြခဲ့ပေ။

သို့သော် jkကမူ ဂျွန့်ရဲ့အပြုံးတွေက မျက်လုံးစီရောက်မနေတာကို သတိထားမိပြီး ဖြစ်သည်။
junghoကြောင့်သာ မဟုတ်ရင် ဒီအချိန်
ဂျွန် သူ့သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် တက္ကသိုလ်တတ်နေရလောက်သည်။ သူတို့သားအဖနှစ်ယောက်လုံး ဂျွန့်ဝမ်းနည်းမှုတွေ
ရဲ့အချက်အခြာဖြစ်ဖြစ်ခဲ့သည်။ jk ဂျွန့်လက်ဖဝါးကို ဆုပ်ကိုင်လိုက်ကာ ဂျွန့်ကို
ပြုံးပြလိုက်သည်။

RevengeNơi câu chuyện tồn tại. Hãy khám phá bây giờ