ဂျွန် မနက်ခင်းအိပ်ယာက နိုးတော့ jkရင်ခွင်ထဲ
မှာဖြစ်နေခဲ့သည်။ jkရဲ့ ရုတ်တရက်ပြောင်းလဲသွားမှုကြောင့် ဂျွန်မယုံနိုင်အောင်ဖြစ်မိသည်။ ဘာကများ jkကို ပြောင်းလဲသွားစေခဲ့တာပါ
လိမ့်။ ဂျွန် စဥ်းစား၍ မရသော်လည်း ဘာပဲဖြစ်ဖြစ် အရင်တုန်းက jkကို ပြန်ရ၍ ပျော်နေမိသည်။ အေးစက်နေသည့် jkမျက်ဝန်းတွေက အခု နွေးထွေးမှု အပြည့်ဖြင့်ဖြစ်သည်။
ခက်ထန်ခဲ့သည် jkအသံက ချိုသာမှုအပြည့်
ဖြင့်ဖြစ်နေသည်။ ဂျွန် ဘယ်လောက်တောင် လွမ်းခဲ့လိုက်ရလဲ။ jkရင်ခွင်ကို ဂျွန်မျက်နှာ
ဖြင့် ပွတ်သပ်ပြီး jkကျောပြင်ကျယ်ကို တင်းတင်းကြပ်ကြပ်ဖက်ထားမိသည်။"morning ချာတိတ်”
jkရဲ့ အိပ်ယာနိုးစသြရှရှအသံကြောင့် မော့ကြည့်တော့ သူ့ကို ငုံ့ကြည့်နေတဲ့ jkရဲ့မျက်ဝန်းတွေနဲ့
အကြည့်ချင်းဆုံဖြစ်သည်။ jkရဲ့အကြည့်တွေနဲ့ ရင်ဆိုင်ရတိုင်း ဂျွန်နှလုံးခုန်သံက အမြဲတမ်းမြန်နေကျပင်။ ယခုလည်း ထိန်းမရအောင်ခုန်နေ
သည့် ရင်ခုန်သံကို jkကြားသွားမှာကိုပင် စိုးရိမ်နေမိသည်။"ဂျွန် ဦးကို နှိုးမိသွားတာလား”
"မနှိုးမိပါဘူး ကိုယ်လည်း အိပ်ယာထတော့မှာပဲ
ချာတိတ် ဘယ်လိုနေသေးလဲ နေလို့အဆင်ပြေလား”
"ဟုတ် နေလို့ကကောင်းတယ် ဒါပေမယ့်…”
"ဒါပေမယ့် ဘာဖြစ်လို့လဲ ချာတိတ်”jk စိုးရိမ်တကြီးဖြင့်မေးတော့ ဂျွန်ရယ်လိုက်ပြီး
"ဗိုက်ဆာနေပြီ ပြောမလို့ပါ ဦးကလည်း”
"ချာတိတ်တစ်ခုခုဖြစ်နေတာလားလို့ ကိုယ်စိတ်ပူသွားတာပဲ”jkအခုမှ ပြုံးလိုက်ပြီး ဂျွန့်ဆံပင်ကို လက်ဖြင့်
ဖွလိုက်သည်။"ကဲ ထ အဲ့ဒါဆို မျက်နှာသစ်ပြီး မနက်စာစားရအောင်”
jkပြောရင်း ကုတင်ပေါ်က ဆင်းလိုက်သည်။
ဂျွန့် ကုတင်ပေါ်က ဆင်းမည်ပြင်တော့ jkက ပွေ့ချီလိုက်သဖြင့် ဂျွန်အလန့်တကြားဖြင့်
jkလည်ပင်းကို အတင်းဖက်ထားလိုက်သည်။"ဦး ဘာ…ဘာလုပ်တာလဲ”
"ချာတိတ်က အားနည်းနေတာလေ ဒီအချိန်
အားချွေတာမှဖြစ်မှာပေါ့”
"ဟိုနားဒီနားတော့ လျှောက်နိုင်ပါတယ်
ဦးကလည်း”
![](https://img.wattpad.com/cover/322715847-288-k690899.jpg)