အပိုင်း[၅၅]

201 25 2
                                    

jk ကော်ဖီဆိုင်ထဲဝင်တော့ ဆိုင်ထောင့်မှာ
ထိုင်နေတဲ့ henryတို့နှစ်ယောက်ကို တွေ့လိုက်
ရသည်။ နှစ်ယောက်လုံး လွန်ခဲ့တဲ့နှစ်ကနဲ့စာရင်
နည်းနည်းပိုရင့်ကျက်လာသော်လည်း အရင်
ရုပ်လေးတွေပဲဖြစ်၍ jkမှတ်မိသည်။ သူတို့ကလည်းjkကို မှတ်မိသည်ထင်သည်။ jkဆိုင်ထဲ
ဝင်လာတာမြင်တော့ henryတို့နှစ်ယောက်လုံး ထိုင်ရာမှထကာ နှုတ်ဆက်လာကြသည်။

"အန်ကယ် မတွေ့တာတောင်ကြာပြီ"

jkခေါင်းငြိမ့်ပြကာ ထိုင်ခုံ၌ ဝင်ထိုင်လိုက်သည်။
henryတို့လည်း ပြန်ထိုင်လိုက်ကာ

"အန်ကယ် ကျွန်တော်တို့နဲ့တွေ့ချင်တယ်ဆိုတာ
ဘာကိစ္စရှိလို့လဲမသိဘူး"
"inn ကိုတစ်ခါတည်းပဲ မေးလိုက်တော့မယ်
kim namjoonအကြောင်းကို သိချင်လို့
ကိုမင်းတို့ဆီမေးဖို့လာခဲ့တာ"

jkပါးစပ်မှ နမ်ဂျွန်နာမည်ထွက်လာ၍ henryတို့
တအံ့တသြဖြစ်ကုန်ကြတော့သည်။ jaebeomက
စပြီး

"အန်ကယ် ဘယ်လိုလုပ်ပြီး နမ်ဂျွန်ကို သိတာတုန်း"
"ကို တော်တော်များများသိထားတယ် အခုသိချင်တာက ကို့သားသေတဲ့နေ့က ဂျွန်နဲ့ ဘယ်လိုဖြစ်ခဲ့လဲဆိုတာပဲ အဲ့နေ့ကအကြောင်းတွေကို
မင်းတို့သိလား"

jkအမေးကြောင့် henryတို့နှစ်ယောက်လုံး
မျက်နှာပျက်ကုန်ကြပြီး တစ်ယောက်ကို
တစ်ယောက်ကို ကြည့်ကုန်ကြသည်။ jkလည်း
ထိုင်ကာ သူတို့နှစ်ယောက်ကို သေချာအကဲ
ခတ်နေမိသည်။ သူတို့နှစ်ယောက် အဲ့နေ့က
ကိစ္စကိုသေချာသိခဲ့တာပဲ။ သိရင် လွန်ခဲ့တဲ့
၂နှစ်က ဘာလို့ တစ်ခွန်းမှ မပြောပဲ ပါးစပ်
ပိတ်နေခဲ့တာလဲ။ henryတစ်ယောက်သက်ပြင်းချပြီး

"ဒီကိစ္စက နောက်ရောက်ရင်လည်း သိမှာပါပဲ
အန်ကယ်သိချင်တယ်ဆို ပြောပြပါ့မယ်
အဲ့နေက junghoသေတဲ့ကိစ္စကို ကျွန်တော်
တို့သေချာသိတယ် jungho နမ်ဂျွန့်ကို ပြန်
ပေးဆွဲဖို့ လုပ်တာလည်း ကျွန်တော်တို့သိတယ် အန်ကယ် ဒါ...ဒါပေမယ့်..."
"junghoက နမ်ဂျွန့်ကို ပြန်ပေးဆွဲခဲ့တယ်!!!"

ကြားလိုက်ရသော စကားကြောင့် jkရင်ဘတ်တစ်ခါလုံး ဟင်းလင်းပြင်လိုပင် ဖြစ်သွားရသည်။
ဒါဆို junghoက နမ်ဂျွန့်ကို...ထိုအတွေးနဲ့ပင်
jkချွေးများပင်ပြန်လာရသည်။ jkဆက်မကြား ချင်သော်လည်း လက်သီးကို တင်းတင်းဆုပ်ကာ henry ပြောတာနားထောင်နေမိသည်။

RevengeМесто, где живут истории. Откройте их для себя