ဂျွန် ဒီနေ့မှ taxiချက်ခြင်းမခေါ်သေးပဲ
ကားမှတ်တိုင်အထိ ခြေလျင်လျှောက်နေမိ
သည်။လူက ခေါင်းတွေသိပ်မကြည်ချင်၍
လေကောင်းလေသန့်ရအောင် လမ်းလျှောက်ဖို့
စဥ်းစားမိခြင်း ဖြစ်သည်။ jkကို စိတ်မပူစေ
ချင်၍ ခေါင်းနောက်နေတာကိုမပြောဖြစ်။
ပြောရင် jmတို့ဆီကို သွားခိုင်းမှာမဟုတ်ပေ။
ဒီနေ့အိပ်ယာထကတည်းက နှုံးချင်နေသော်လည်း ရေချိုးပြီး ပြန်လန်းလာမည်ဟု
ထင်ခဲ့သည်။ သို့သော် ဂျွန့်ရဲ့ခေါင်းက
ကြာလေကြာလေပို၍ နောက်ကျိလာခဲ့သည်။
ဂျွန်ခေါင်းကို လက်နဲ့ သာသာထုလိုက်ပြီး မျက်လုံးကို မှိတ်ကာ ပြန်ဖွင့်ကြည့်သည်။ သို့သော် ဂျွန်ရဲ့ဘေးရှိ ပတ်ဝန်းကျင်တစ်ခုလုံး
ကဝေဝါးကာ လည်နေသဖြင့် မြန်မြန်ပြန် မှိတ်လိုက်ရသည်။ လက်က အမှီပြုဖို့အရာရှာသော်လည်း လမ်းလည်ခေါင်မှာဖြစ်၍
ဘယ်ကိုမှမထောက်မိပဲ လမ်းပေါ်ကို
အရှိန်ပြင်းပြင်းနဲ့ကျသွားခဲ့သည်။ ဂျွန် ဘေးမှ
လူတွေရဲ့အော်သံကို ရှင်းရှင်းလင်းလင်းမကြား
ရသော်လည်း လေတိုးသံတွေနဲ့အတူ ဝိုးတဝါးတော့ကြားနေရသည်။ လူတွေက ဂျွန့်ကို ဆေးရုံ
ပို့ဖို့ အော်နေကြသည်။ လူတစ်ယောက်က ပွေ့ချီကာ မျက်လုံးကိုဖွင့်တော့ ဝေဝါးနေသော မျက်နှာတွေကိုမြင်ပြီးနောက် လုံးဝမှောင်အတိကျသွားခဲ့တော့သည်။ဂျွန် မျက်လုံးဖွင့်ကြည့်တော့ မရင်းနှီးသောနေရာတစ်ခုမှာရောက်နေခဲ့သည်။ အစောက နောက်နေသောခေါင်းက အနည်းငယ်ကြည်၍နေသည်။
ဘေးဘီကို ကြည့်နေစဥ်ပဲ သူနာပြုဆရာမရောက်လာကာ"လူနာ နိုးနေပြီလား”
"ဆရာမ ကျွန်တော်ဘယ်ရောက်နေတာလဲမသိဘူး”
"လူနာလမ်းပေါ်မှာတစ်ယောက်တည်း မူးလဲသွားလို့ ဆေးခန်းကို လူတစ်ယောက်က ပွေ့လာခဲ့တာ
ဆရာဝန်အခုလာတော့မှာနော် အိမ်ကို ဖုန်းဆက်ခေါ်ပါဦးလား”
"ရပါတယ် ကျွန်တော်တစ်ယောက်တည်းအဆင်ပြေပါတယ်”ထိုစဥ် ဆရာဝန်ရောက်လာသဖြင့် ပြောလက်
စစကားပြတ်သွားတော့သည်။ ဆရာဝန်က
ဂျွန့်ကိုအကြောင်းစုံရှင်းပြလေသည်။ ဂျွန်ရဲ့မျက်နှာလည်း ဆရာဝန်နဲ့စကားပြောနေတဲ့တစ်လျှောက် ပို၍ပြုံးရွှင်လို့ လာခဲ့သည်။