အပိုင်း[၈]

193 34 0
                                    

ရုတ်တရက်ကြားလိုက်သောအသံကြောင့် jiminနဲ့taeတို့အသံလာရာ ကြည့်လိုက်မိသည်။ ဂျွန်ကတော့ ထိုအသံပိုင်ရှင်ဘယ်သူမှန်းသိသဖြင့် သက်ပြင်းသာချလိုက်မိသည်။

ကျစ်…ဒီလူကြီး ဒီအထိရောက်အောင် လိုက်လာသေးတယ်

"ချာတိတ် တစ်ညလုံးမအိပ်ပဲနေထားတာ အိမ်မပြန်သေးဘူးလား မပင်ပန်းဘူးလား”

jungkookပြောပြောဆိုဆိုဖြင့် ထိုင်ခုံတစ်ခုဆွဲကာ ဂျွန့်ဘေးဘက်တွင်ဝင်ထိုင်လိုက်သည်။ jiminရော taeရော ဘာစကားမှမပြောနိုင်ပဲ
ဂျွန့်ကို စကားပြောနေသောသူကိုသာ ကြည့်နေမိသည်။ ထိုလူကသာ စကားတွေပြောနေပေမယ့် ဂျွန်က ပြန်မပြောပဲ ထို့လူကိုသာ ကြည့်နေသည်။

ထိုလူက jiminတို့ထက် အသက်တော်တော်ကြီးပုံရသည်။ သို့သော် ဆွဲဆောင်မှုအပြည့်ဖြင့်ဖြစ်ကာ
တစ်ခြားသူအပေါ်အလွယ်တစ်ကူလွှမ်းမိုးနိုင်သော အရှိန်အဝါအပြည့်ဖြင့် ဖြစ်သည်။
ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်နှင့် တတ်တူးများဖြင့် အပြည့်ထိုးထားသော လက်တစ်ဖက်က
ထိုလူ့ကို ပို၍ပင် ဆွဲဆောင်မှုရှိစေသည်။

jiminတစ်ခြားဘက်တွေ လှည့်ကြည့်တော့ ဆိုင်ထဲရှိ အမျိုးသမီးများ ယောက်ျားလေးငယ်ငယ်လေးများ၏ အကြည့်က ထိုလူ့ကို ရမ္မက်အပြည့်ဖြင့် ကြည့်နေကြသည်။ သို့သော် ထိုသူကမူ
ဂျွန်တစ်ယောက်တည်းသာ အာရုံစိုက်ကာ
အရေးတယူစကားပြောနေသည်။

"ဂျွန်…ဂျွန်နဲ့ ဒီ…ဒီကသူက သိတာလား”

jiminအသံကြားတော့ jungkookက jmဘက် လှည့်ကြည့်လိုက်ကာ ခေါင်းငြိမ့်ပြသည်။

"ကိုက သူအလုပ်လုပ်​နေတဲ့စတိုးဆိုင်ကို သွားနေကြလေ ကိုမိတ်ဆက်ဖို့မေ့နေတာ ဆောရီး
ကို့နာမည်က jeon jungkookပါ ရော့ ဒါက
ကို့ရဲ့ကတ်”

jungkookက ပိုက်ဆံအိတ်ထဲမှ ကတ်နှစ်ကတ်ထုတ်ပြီး jiminတို့ကို ပေးသည်။ jiminနဲ့taeက လှမ်းယူလိုက်ပြီး ကတ်ကိုကြည့်ကာ နှစ်ယောက်လုံး မျက်လုံးများ ကျွတ်ကျမတတ်ပြူးသွားကာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

"ဒါ…ဒါဆို jeon…jeon companyက”

jiminတို့ပုံစံကို ကြည့်ကာ jungkookသဘောကျစွာ ရယ်လိုက်ပြီး ခေါင်းငြိမ့်ပြကာ

RevengeOnde histórias criam vida. Descubra agora