နောက်တစ်နေ့ jungkookအလုပ်သွားဖို့ဆင်း
လာတော့ နမ်ဂျွန်ကို မတွေ့ရ။ သန့်ရှင်းရေး
အကုန်ပြီးကာ jungkookအတွက် ဖိနပ်ကို အဆင်သင့်ချထားသည်။ jungkook
စိတ်အလိုမကျဖြစ်ကာ ဒေါသထွက်လာမိ
သည်။ ကားဆီကို ခြေလှမ်းကြဲကြီးများဖြင့် လျှောက်လာရင်း ဒေါသတကြီးဖြင့် companyသို့ ကားမောင်းထွက်လာခဲ့သည်။companyထဲကို မှုန်ကုတ်ကုတ်ဖြင့် ဝင်လာ
သော သူတို့ရဲ့သူဋ္ဌေးကိုကြည့်ပြီး ဝန်ထမ်းများ ပါးစပ်ပိတ်ကုန်ကြပြီး အလုပ်ကိုသာ ကုန်းလုပ်
နေကြသည်။ yoongiလည်း jungkook
စိတ်တိုနေသည်ကို မြင်သော်လည်း
မသိချင်ယောင်ဆောင်နေလိုက်သည်။
သူကိုယ်တိုင်လည်း jungkookကို အခုထိ
ဒေါသထွက်နေတုန်းပင်ဖြစ်သည်။ အခုတလော jungkookရုံးခန်းကို အလုပ်ကိစ္စနှင့်သာ
ရောက်ဖြစ်သည်။ အရင်လို စကားပြောဖို့သက်သက်မလာဖြစ်ပေ။jungkookအခန်းထဲ၌ အလုပ်လုပ်နေသော်လည်း စိတ်မပါပေ။ ဖိုင်တွဲကို ဆောင့်ပိတ်လိုက်ပြီး နားထင်ကို လက်နဲ့နှိပ်နေမိသည်။ ထိုစဥ် ရုံခန်းတံခါးခေါက်လာသဖြင့် jungkookခါးကို မတ်မတ်ထိုင်လိုက်ပြီး
"ဝင်ခဲ့”
jungkookခွင့်ပြုတော့မှ seokjinရုံးခန်းထဲ
ဝင်လာသည်။"jungkook မင်းဆီကို ကလေးနှစ်ယောက်လာတွေ့လို့ ကြိုတော့ချိန်းမထားဘူး သူတို့နာမည်ပြောလိုက်ရင် မင်းသိတယ်တဲ့”
jungkook မျက်မှောင်ကြုတ်လိုက်ပြီး
"ဘယ်သူတွေတဲ့လဲ”
"park jiminနဲ့kim taehyungတဲ့”jungkookနာမည်တွေကို ရေရွတ်နေသော်လည်း တော်တော်နဲ့မမှတ်မိပေ။ seokjinက ဆက်ပြီး
"ပြီးတော့ ဂျွန်…နမ်ဂျွန်ရဲ့သူငယ်ချင်းလို့ပြောတယ်”
ထိုအခါမှ jungkookမျက်လုံးထဲ ပုံပေါ်လာတော့သည်။ စားသောက်ဆိုင်မှာ တွေ့ခဲ့တဲ့နှစ်ယောက်ပဲ။ jungkookခေါင်းငြိမ့်လိုက်ပြီး
"သူတို့ကို ကျွန်တော်သိတယ် ဝင်ခွင့်ပေးလိုက် hyung”
seokjinထွက်သွားတော့ jungkookထိုင်ရာက
ထကာ ဆိုဖာရှိရာဘက်လျှောက်လာပြီး ထိုင်ကာ စောင့်နေလိုက်သည်။ ခဏကြာတော့ jiminတို့နှစ်ယောက်ဝင်လာသည်ကိုတွေ့တော့ ပြုံးကာ နှုတ်ဆက်လိုက်သည်။