jungkook သားဆုံးပြီး တော်တော်နှင့်ဘာအလုပ်မှမလုပ်နိုင်သေးပေ။ သားဆုံးတော့ jungkook
ဆေးလိပ်စသောက်ဖြစ်လာသည်။ ထိုနည်းက jungkookစိတ်ကို နည်းနည်းသက်သာစေသည်။
jungkook သားဆုံးသွားတဲ့စိတ်ဒဏ်ရာကို တဖြည်းဖြည်းကုစားနိုင်သော်လည်း jungkookရဲ့ အဘိုးနဲ့အဘွားကမူ ဘယ်လိုမှမဖြေနိုင်ပေ။ junghoဆုံးပြီးနှစ်လကြာတော့ jungkookရဲ့အဘွားဆုံးသွားသည်။ ထို့နောက် တစ်လကြာတော့ jungkookရဲ့အဘိုးပါဆုံးသွားတော့သည်။ jkရဲ့အဖေနဲ့အမေ ခဏပြန်လာသေးသော်လည်း ရက်လည်ပြီးတော့ နိုင်ငံခြားသို့
ချက်ခြင်းပြန်သွားခဲ့သည်။ အလုပ်များက ဖြတ်မရသေးဟုဆိုကာ ပြန်သွားခြင်းဖြစ်သည်။ jkရဲ့မိဘများအိမ်မှာရှိမနေခြင်းက jkအတွက် ဝမ်းနည်းစိတ်အနည်းငယ်မျှမဖြစ်ခဲ့ပေ။နောက်ဆုံး အိမ်ကြီး၌ jungkookတစ်ယောက်သာ ကျန်ခဲ့တော့သည်။ yoongiနဲ့seokjinကလည်း companyကို jungkookအစားထိန်းသိမ်းပေးနေရ၍ ရံဖန်ရံခါမှသာ အလည်လာနိုင်သည်။
ယခုလည်း တိုက်အကြီးကြီးထဲတွင် jungkookတစ်ယောက်တည်း အရက်သောက်ကာ မိသားစုဓာတ်ပုံကို ထိုင်ကြည့်နေမိသည်။jungkookရဲ့ ဝမ်းနည်းနေသောမျက်ဝန်းများက တဖြည်းဖြည်း နားကြည်းသောမျက်ဝန်းများအဖြစ်ပြောင်းလဲလာကာ ဖုန်းထုတ်ကိုင်လိုက်သည်။ ထို့နောက် ဖုန်းနံပါတ်တစ်ခုကို ဆက်လိုက်သည်။
"hello”
တစ်ဖက်က ထူးသံကြားတော့ jungkookထိုင်ရာမှ ထလိုက်ကာ
"hello kai”
"jungkook ဘာကိစ္စရှိလို့လဲ”
"ငါ့ကို လူတစ်ယောက်အကြောင်းစုံစမ်းပေးစမ်းပါ”
"ကောင်းပြီလေ နာမည်က”
"namjoon…kim namjoon, သူက busanက နေခဲ့တဲ့အထက်တန်းကျောင်းက****** ငါစုံစမ်းခိုင်းတဲ့ကိစ္စကို ဘယ်သူမှသိမှာမလိုချင်ဘူး မင်းနဲ့ငါနှစ်ယောက်ပဲသိထားရမယ် အထူးသဖြင့် yoongi hyungပဲ”
"ငါကဒီလိုကိစ္စမျိုးဆို နှုတ်လုံပါတယ် မင်းနဲ့ငါအတူတူတွဲလုပ်နေတာ ကြာပြီပဲကို မင်း
ငါ့အကြောင်းသေချာသိပါတယ် ဒါနဲ့ မနက်ဖြန်ကျ ငါလာတွေ့မယ် အိမ်ကိုပဲ လာရမှာလား”
"အင်း အိမ်ကိုပဲလာခဲ့လိုက်”jungkookဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်ပြီး စီးကရက်တစ်လိပ်ထုတ်ကာ
သောက်နေလိုက်သည်။