နောက်တစ်နေ့မနက်ကျ jungkookနဲ့
ဂျွန် စားသောက်ဆိုင်သွားကာ မနက်စာစားဖြစ်သည်။ ထို့နောက် ဂျွန့်ရဲ့အခန်းကို ပြန်လာပြီး ခဏနားကာ ရေချိုးကာ ပြင်ဆင်ကြသည်။ ထို့နောက် နှစ်ယောက်သားနေ့လည်စာကိုလည်းဆိုင်မှာစားပြီး seoulကနေ ကားနဲ့ထွက်လာခဲ့ကြသည်။"ဦး တကယ်ကြီး ဘယ်သွားမှာတုန်း"
"ချာတိတ် စိတ်အပန်းဖြေမယ့်နေရာကိုပေါ့ ဒီလိုမျိုး seoulကနေ အပြင်ဘက်ကိုရောထွက်ဖူးလား"ဂျွန် ခေါင်းရမ်းပြလိုက်ပြီး
"ဒါပထမဆုံး သွားဖူးတာပဲ"
"ဂျွန့်ရဲ့မြို့မှာရော seoulမှာလိုပဲ ဘယ်မှမသွားဘဲ အိမ်မှာပဲနေနေတာလား"
"busanမှာတော့ အဲ့လိုမဟုတ်ပါဘူး"
"ဝိုး...ဒါဆိုဂျွန်က busanမှာမွေးတာပေါ့"
"ဟုတ်တယ် ဘာဖြစ်လို့လဲ"
"ကိုယ့်ဇာတိကလည်း busanလေ ပြီးမှ seoulကီု ပြောင်းလာတာ"
"ဒါဆို ဂျွန်နဲ့ဇာတိအတူတူပဲပေါ့"jungkookခေါင်းငြိမ့်ပြပြီး သီချင်းဖွင့်လိုက်ကာ မောင်းခဲ့တော့သည်။ ဂျွန်လည်း သီချင်းနားထောင်ရင်း အိပ်ပျော်သွားခဲ့သည်။ ဂျွန် နိုးလားတော့ ကားကရပ်နေပြီး ဂျွန့်နားထဲ၌ လှိုင်းပုတ်သံများကြားနေရသည်။ ဂျွန် ဘေးကိုကြည့်လိုက်တော့ jungkookက မရှိ၍ ဂျွန့်ကားတံဖွင့်ပြီး ကားပေါ်က ဆင်းလာသည်။ ကားတံခါးဖွင့်သံကြားလို့ jungkookနောက်လှည့်ကြည့်လိုက်တော့ ဂျွန်ကားပေါ်က ဆင်းလာသည်ကို တွေ့ရသည်။
"ချာတိတ် နိုးပြီလား"
"ဟုတ် ရောက်တာကြာပြီလား"
"နာရီဝက်လောက်ပဲရှိသေးတယ် ချာတိတ်အိပ်နေလို့ ကိုမနှိုးသေးဘဲ အပြင်ကို ထွက်နေလိုက်တာ"
"ဦးသွားမယ်ဆိုတာ ပင်လယ်ကိုပြောတာပေါ့"jungkookသဘောကျစွာ ပြုံးလိုက်ပြီး
"inn ချာတိတ်ဒီလိုလာရင် ပျော်မယ်ထင်လို့လေ သဘောကျလား"
ဂျွန် ခေါင်းငြိမ့်ပြလိုက်ပြီး ကမ်းခြေကြီးကို ကြည့်နေမိသည်။ လှိုင်းဖြူဖြူများက ကမ်းခြေကို ညင်သာစွာ ရိုက်ခတ်နေသည်။ လတ်ဆတ်သည့် လေအေးအေးများကလည်း တိုက်ခတ်နေသေးသည်။ ကလေးများကလည်း ကမ်းခြေ၌ပျော်ရွှင်စွာဆော့ကစားနေသည်။ ကမ်းခြေ၌ လူတွေရှိသော်လည်း တအားကြီးမရှုပ်ပေ။