အပိုင်း[၁၅]

194 28 5
                                    

jungkook ဂျွန့်ကို ညစာချက်ကျွေးချင်တာ
ကြောင့် လိုတဲ့ပစ္စည်းတွေဝယ်ပြီး ဂျွန့်ရဲ့အိမ်သို့ထွက်လာခဲ့သည်။ ဂျွန့်ရဲ့ခေါင်မိုးထပ်က အခန်းရှေ့ရောက်တော့ တံခါးခေါက်ဖို့အလုပ် ဂျွန့်အခန်းတံခါးက ဝုန်းခနဲပွင့်သွားသဖြင့် jungkook ကြောင်ပြီးကြည့်နေမိသည်။

တံခါးဝ၌ ရပ်နေသောဂျွန်က jungkookကို အားကိုးတကြီးပြေးဖက်လိုက်ပြီး သည်းကြီးမဲကြီးငိုနေသည်။ jungkookလည်း ဘာမှမပြောပဲ ဂျွန့်ကို ပြန်ဖက်လိုက်ကာ ကျောကို ပုတ်ပေးနေမိသည်။ ဂျွန် ၁၅မိနစ်လောက် ဆက်တိုက်ငိုပြီးမှ jungkookရင်ခွင်ထဲကနေမော့ကြည့်ကာ

"ဦး…ဟင့်…ဂျွန်…ဂျွန်ကြောက်တယ်ဦး သူ့…သူ့ကို ဂျွန့်ရဲ့အိပ်မက်ထဲမှာတွေ့လိုက်တယ်…ဟင့်”

ဂျွန် ရှိုက်သံများကြားမှပြောလိုက်ပြီး jungkookရင်ခွင်ထဲ မျက်နှာအပ်ကာ ငိုနေမိပြန်သည်။ jungkookအင်္ကျီလည်း ဂျွန့်ရဲ့မျက်ရည်များဖြင့် စိုရွှဲနေတော့သည်။

"ချာတိတ် တိတ်တော့ အကြာကြီးငိုနေရင်ပင်ပန်းလိမ့်မယ် ကိုမင်းဘေးမှာရှိနေပေးမှာမလို့
မကြောက်နဲ့တော့နော်”

jungkook ဂျွန့်ကိုယ်လေးကို ပွေ့လိုက်တော့
ဂျွန့်ရဲ့ခြေထောက်လေးတွေက jungkookခါးကိုချိတ်လိုက်ပြီး ခေါင်းကို လည်ပင်း၌ အပ်ထားလိုက်မိသည်။ jungkookလည်း ဂျွန့်ကိုချီရက်နဲ့ပင် ဂျွန် အခန်းထဲလိုက်ဝင်လာသည်။

jungkookဟင်းချက်ရန်အတွက် မီးဖိုရှိရာဘက်ကိုလာပြီး ဂျွန့်ကို စားပွဲဘေးရှိထိုင်ခုံပေါ်တွင် ထိုင်ခိုင်းထားလိုက်သည်။ jungkookလည်း ခေါက်ဆွဲပြုတ်ရန် ရေနွေးအရင်တည်လိုက်သည်။
ပြီးတော့ ပါစတာအတွက်ပြင်ဆင်နေလိုက်သည်။ ကြက်သွန်ဖြူ ကြက်သွန်နီတွေ ထုတ်ပြီးလှီးထားလိုက်သည်။ ဂျွန်ရဲ့ရေခဲသေတ္တာဖွင့်ကြည့်တော့ ဟင်းဗူးတွေနဲ့ရေဗူးသာတွေ့သည်။ ဆားလည်းမရှိ။

ဂျွန့်အိမ်၌ ဟင်းချက်ပစ္စည်းနည်းနည်းပါးပါးတော့ရှိမည်ဟု ယုံချင်သော်လည်း မသေချာ၍ လိုလေးသေးမရှိအကုန်ဝယ်လာတာမှန်သွားသည်။ တော်သေးလို့ ဟင်းချက်ဖို့ ဒယ်တွေတော့ ရှိသေးလို့။ jungkookခေါက်ဆွဲရေနွေးထဲ
ထည့်လိုက်ပြီး ပြုတ်ကာ ကျက်တော့
ရေစစ်ထားလိုက်သည်။ ပြီးတော့ ဒယ်ထဲသို့ ဆီ၊ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ဝက်သားထည့်ပြီးမွှေကာ ကြက်ပြုတ်ရည်နဲ့ခရင်(မ်)ထည့်ပြီး
ဆားငရုတ်ကောင်းထည့်ကာ cheeseပါထည့်ပြီး မွှေလိုက်သည်။ ထို့နောက်ခေါက်ဆွဲထည့်ကာ
မွှေလိုက်ပြီး ကျက်တော့ ပန်းကန်ထဲထည့်ပြင်ဆင်ပြီး အပေါ်ကနေ cheeseအမှုန်လေးတွေဖြူးလိုက်သည်။

RevengeWhere stories live. Discover now