jungkookသားကို ဖုန်းကိုဆက်တိုက်ခေါ်နေသော်လည်း သားက ဖုန်းကိုင်မည့်ပုံမပေါ်သဖြင့် seokjinဆီ ဖုန်းပြောင်းခေါ်လိုက်တော့သည်။ seokjinကလည်း ချက်ခြင်းမကိုင်၊ နောက်ထပ် ၃ခါလောက်ဆက်တိုက်ခေါ်မှ ကိုင်တော်သည်။
"jungkook ဘာဖြစ်လို့ခေါ်နေ…”
"hyung ကျွန်တော်ပြောတာအရင်နားထောင် ကျွန်တော် အခုချက်ခြင်းလေယာဥ်နဲ့koreaပြန်မှဖြစ်မှာ အဲ့ဒါ အခုအနီးဆုံးလေယာဥ်လက်မှတ်
ဖြတ်ပေးဦး”
"jungkook အလုပ်ကမပြီးသေးဘူးလေ နောက်ထပ်လုပ်စရာကိစ္စတွေအများကြီးကျန်သေးတယ်”
"hyung ကျွန်တော့်ကို အချိန်တွေကြာအောင်
မလုပ်နဲ့ အခုဖြတ်ဆို ဖြတ်လိုက်hyung ကျွန်တော်တစ်ယောက်ပဲပြန်မယ် hyungက
ဒီမှာနေခဲ့ပြီး အဆင်ပြေသလိုကြည့်စီစဥ်လိုက်တော့”seokjinဘာမှမပြောပဲ သက်ပြင်းချလိုက်ကာ
"ကောင်းပြီလေ ခဏစောင့်ဦး လေယာဥ်ချိန်စုံစမ်းပြီး လက်မှတ်ဖြတ်ပေးမယ်”
"ကျေးဇူး hyung မြန်မြန်လေးနော်”jungkook ဖုန်းချပြီးတာနဲ့ အဝတ်အစားတွေ
ပြန်သိမ်းနေတော့သည်။ ခဏကြာတော့ seokjinဆီက ဖုန်းဝင်လာတော့သည်။"hyung လေယာဥ်ဘယ်အချိန်တဲ့လဲ”
"jungkook မင်းကို ဘယ်လိုပြောပြရမလဲတောင်မသိတော့ဘူး အခုမုန်တိုင်းရှိလို့ ခရီးစဥ်တွေ အကုန်ရပ်နားထားရတယ် ညနေခင်းမှလေယာဥ်လက်မှတ်ရမှာ”
"အဲ့တာဆိုလည်း hyung ညနေခင်းထွက်ထွက်ချင်း လေယာဥ်ကို လက်မှတ်ဖြတ်ထားပေး
ကျွန်တော် koreaပြန်မယ်”
"အိုကေ jungkook”jungkookဖုန်းကိုချပြီးတော့ yoongiဆီ ဖုန်းကို ချက်ခြင်းခေါ်လိုက်သည်။
"ဟယ်လို jungkook”
"hyung အခုချက်ခြင်း busanကို သွားပေးဦး hyung”အခြေအမြစ်မရှိပဲ ပြောလိုက်တဲ့စကားကြောင့် yoongiမျက်လုံးများပင်ပြူးသွားရသည်။
"jungkook အခုငါတို့ဆီမှာ ညရောက်တော့မှာ မိုးရိပ်တွေလည်း မြင်နေရတယ် ခဏကြာရင် မိုးရွာတော့မှာ”
"hyung အဲ့တာတွေကျွန်တော်နားမလည်ဘူး အခုချက်ခြင်း busanကို ထွက်တော့ hyung junghoနဲ့ကျွန်တော် ဖုန်းပြောပြီးပြီ သားပုံစံက
မူမမှန်ဘူး သားတစ်ခုခုဖြစ်တော့မယ်လို့ ကျွန်တော်ခံစားနေမိတယ် ဒီကလေယာဥ်ကလည်း ညနေမှထွက်မှာ အခုပြန်လာချင်တာ ဘယ်လိုမှ ပြန်လာမရလို့”