jk တစ်ပတ်လုံး ဂျွန့်ကို အိမ်မှာပဲနေစေကာ
နားခိုင်းခဲ့သည်။ sjနဲ့ygလည်း jkအိမ်မှာသာ
နေခဲ့သည်။ minhoလည်း ဂျွန့်ကို တစ်ရက်
နှစ်ခါလာ၍ စစ်ကြည့်ပေးသည်။ ဂျွန်ပုံစံက
တစ်ရက်ပြီးတစ်ရက် ပို၍ လန်းလာခဲ့သည်။
အိမ်မှာပဲ စာအုပ်ဖတ်လိုက် jkနဲ့ဂိမ်းကစားလိုက် tvကြည့်လိုက်ဖြင့်သာအချိန်ကုန်ခဲ့သည်။
ဂျွန် ပျင်းလားဆိုတော့မပျင်းခဲ့ပေ။ ထိုအချိန်
နှစ်ပတ်လုံး jkက ဂျွန့်ဘေးမှာ အမြဲတမ်းရှိနေ
ခဲ့၍ဖြစ်သည်။ sjနဲ့yg hyungတို့နဲ့ စကားပြောရတာလည်း ဂျွန်ပျော်ရွှင်နေမိသည်။ sj hyungက
ပျော်ပျော်နေတတ်သူဖြစ်၍ sj hyungနဲ့ စကားပြောသည့်အခါတိုင်း ဂျွန်မျက်လုံးမပွင့်
နိုင်အောင်ရယ်နေမိသည်။ yg hyungကလည်း
ကြည့်ရင်သာ အေးစက်စက်နှင့် ဂျွန်ကို အမြဲ
အရိပ်တကြည့်ကြည့်ဖြင့် ဖြစ်သည်။
အခုလည်း jkအိမ်သန့်ရှင်းရေးလုပ်တာ
ဂျွန် ဆိုဖာပေါ်မှာထိုင်၍ ကြည့်နေခဲ့သည်။"ဦး မပင်ပန်းဘူးလား သန့်ရှင်းရေးလုပ်နေတာကြာလှပြီကို”
ဂျွန်ကတော့ jkကို နားစေချင်၍ ရိုးရိုးမေးလိုက်သော်လည်း ထိုစကားကြောင့် jkရင်ဘတ်ထဲ အောင့်ခဲ့ရသည်။
ကိုယ်ဘယ်လိုလုပ်မောနိုင်မှာလဲ ချာတိတ်ရယ်
မင်းကိုတောင် ကိုယ်ခိုင်းခဲ့သေးတာပဲ ကိုယ်ကိုတိုင်လည်း လုပ်နိုင်ရမှာပေါ့jk ထိုစကားကို စိတ်ထဲကနေပြောလိုက်မိသည်။
နမ်ဂျွန့်ကို အရင်ကိစ္စတွေ အစဆွဲထုတ်ပြီး
မမှတ်မိစေချင်။"ချာတိတ်က အဲ့လိုထိုင်ကြည့်နေတာ ကိုက
ဘယ်လိုလုပ်မောမှာတုန်း”ထိုစကားကြောင့် ဂျွန့်မျက်နှာလေးပန်းရောင်သမ်းသွားကာ ခေါင်းကို ငုံ့ထားမိသည်။
ဒီကောင်လေးသိပ်ကို ချစ်စရာကောင်းလွန်း
လှသည်။ဒီနှစ်ပတ်လုံး ဂျွန်နဲ့ရှိနေတဲ့အတောအတွင်း jkပျော်သော်လည်း တစ်ဖက်
က ငရဲကျသလို ပူလောင်လွန်းခဲ့သည်။
ဂျွန့်ကို လက်လွှတ်ဖို့ အဆင်သင့်မဖြစ်သေး။ ဘယ်တုန်းကမှလဲ အဆင်သင့်မဖြစ်ခဲ့။ တစ်ခါတစ်ခါ jk တစ်ကိုယ်ကောင်းဆန်စွာ အားလုံးနဲ့ဝေးရာကို ဂျွန့်ကိုခေါ်သွားပြီး အရာအားလုံးကို
မေ့ပစ်ကာနေချင်မိသည်။
![](https://img.wattpad.com/cover/322715847-288-k690899.jpg)