အပိုင်း[၂၂]

173 27 1
                                    

နောက်နေ့မနက် အိပ်ယာနိုးတော့ ဂျွန်မျက်နှာသစ်သွားတိုက်ပြီး အိမ်အပြင်ကို ထွက်လာကာ သစ်ပင်များကို ရေအရင်လောင်းလိုက်သည်။ ထို့နောက် အိမ်ထဲပြန်ဝင်လာကာ ထမင်းစားဖို့
အရင်ပြင်လိုက်သည်။ မနက်စာစားပြီးတော့ ဂျွန်လည်း မအိပ်ချင်သေးတာနဲ့ အခန်းထဲရှိ ထိုင်ခုံမှာမှီရင်း ဖုန်တတ်နေသော စာအုပ်တစ်အုပ်ကို ဆွဲကာ စာဖတ်နေလိုက်သည်။ ဂျွန့်ရဲ့ဖုန်းဝင်လာလို့ကြည့်လိုက်တော့ jungkookဆီက ဖြစ်နေသည်။

"ချာတိတ် နိုးပြီလား”
"ဟုတ် ဦးရော အလုပ်သွားမှာလား”
"ဟုတ်တယ် ကိုအခုကားမောင်းရင်း ချာတိတ်နိုးပြီလားသိချင်လို့ဆက်လိုက်တာ မနက်စာရော စားပြီးပြီလား”
"စားပြီးပြီ ကားမောင်းနေတာဆို ဖုန်းချလိုက်တော့ဦး နောက်မှာပြောမယ်”
"ok ဖုန်းချလိုက်ပြီနော်”

ဂျွန် ဖုန်းချလိုက်ပြီး စာအုပ်ပြန်ကောက်ကိုင်ကာ စာဖတ်မလို့ပြင်တုန်းရှိသေး ဖုန်းကထပ်ဝင်လာပြန်သည်။ ဂျွန် ဖုန်းကိုမြန်မြန်ကောက်ကိုင်လိုက်ပြီး

"ဦး ကားမောင်းနေတာဆို ဘာလို့ထပ်ဆက်နေတာတုန်း”
"joonie”

ဂျွန် jiminအသံကြားလို့ ဖုန်းကို ကြည့်လိုက်တော့ jiminဖုန်းနံပါတ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"အာ sorry ဂျွန် ဦးဆီက ဖုန်းမှတ်လို့”
"ဂျွန် ဦးဆိုတာ ဟိုနေ့ကတွေ့တဲ့လူပြောတာလား ဘယ်တုန်းက အဲ့လိုခေါ်လိုက်တာတုန်း jiminတို့နဲ့ တွေ့တဲ့ရက်တုန်းကတော့ မခင်သလိုနဲ့”

jiminအပြောကြောင့် ဂျွန်မျက်နှာတွေ ပူလာပြီး စကားက အထစ်ထစ်အငေါ့ငေါ့ဖြင့်သာ ထွက်လာတော့သည်။

"အဲ့…အဲ့ဒါက…ဟို…အဲ့တုန်းက”

jimin ဂျွန်ပုံစံကို သဘောတကျဖြင့် ရယ်လိုက်ပြီး

"joonie အဆင်မပြေရင်လည်း မပြောပါနဲ့
ရပါတယ်”

ဂျွန် သက်ပြင်းချလိုက်ပြီး

"jimin ပြောစရာရှိလို့လား”
"ဘာမှမဟုတ်ပါဘူး ဂျွန်ဘာလုပ်နေလဲလို့
ဖုန်းဆက်မေးကြည့်တာ ဂျွန့်အသံလည်း
ကြားချင်လို့”
"ဂျွန် ဘာမှမလုပ်ဘူး အခုစာအုပ်ဖတ်နေတာ ခဏနေ ပြန်အိပ်တော့မှာ ညကျ အလုပ်သွားရမှာလေ”
"အင်း ဂျွန်ကအလုပ်ရှိသေးတယ်ဆိုတော့ ဖုန်းချလိုက်တော့မယ်လေ နောက်နေ့ဂျွန်အားတဲ့အချိန်ထပ်တွေ့ရအောင်နော် joonieနဲ့ထပ်တွေ့ချင်သေးတယ်”
"အားတဲ့အချိန်ကျ ဖုန်းဆက်ပြောမယ်လေနော်”
"ok အဲ့ဒါဆိုဖုန်းချပြီနော် jiminရော taeရော joonieကို ချစ်တယ်နော်”

RevengeKde žijí příběhy. Začni objevovat