အပိုင်း[၆၉]

168 23 2
                                    

၆လခန့်ကြာသော်

ygနဲ့sjကားကို ရပ်ပြီး တိုက်ထဲသို့ဝင်လာခဲ့သည်။
moniက တိုက်ရှေ့၌ အမှီးကို ဝှေ့ရမ်းကာ
ygတို့ကို ကြိုနေခဲ့သည်။ ygရော sjပါ moniရဲ့ခေါင်းကိုပုတ်လိုက်ပြီး

"မင်းရဲ့သခင်ရော moni”

moniက သိသည့်အလား လှေကားအပေါ်ကို
မော့ကြည့်ကာ ဟောင်နေတော့ ygတို့နှစ်ယောက်လုံးတစ်ယောက်မျက်နှာတစ်ယောက်
ကြည့်ကာ သက်ပြင်းချလိုက်ကြပြီး
jkအခန်းဆီသို့ တတ်လာခဲ့သည်။ အခန်း
တံခါးခေါက်တော့ အထဲမှအသံမကြားသဖြင့်
နှစ်ယောက်သား အခန်းထဲဝင်လာခဲ့သည်။ jkအခန်းတစ်ခန်းလုံး မှောင်မဲကာ တံခါးများက ပိတ်၍ နေနေခဲ့သည်။ ygတို့ jkနဲ့ရှိတဲ့အချိန်တိုင်းဘယ်လောက်ပဲ jkအခန်းကို သန့်ရှင်းခဲ့
သန့်ရှင်းခဲ့ ygတို့မရှိတာနဲ့ မှောင်မဲ၍သာနေခဲ့သည်။နှစ်ယောက်သား အခန်းပြတင်းပေါက်
တွေ အရင်လိုက်ဖွင့်ကြသည်။

jkက ကုတင်ပေါ်၌ မှောက်ရပ်အိပ်နေခဲ့ကာ
ဘေး၌ အရက်ပုလင်းများပြန့်ကျဲနေခဲ့ကာ
အရက်နံ့များက နံစော်နေခဲ့သည်။ဒီ ၆လလုံး
jkတစ်ယောက် အိမ်ထဲကနေအိမ်ပြင်ကို
ထွက်မလာခဲ့။ တစ်နေကုန်အိမ်ထဲမှာပင်နေရင်း
အရက်သာသောက်နေခဲ့သည်။ ygရော sjပါ
companyတစ်လှည့် jkတစ်လှည့်ဂရုစိုက်ကာ
နေနေရသည်။ သို့သော် jkအခြေအနေကမူ
တိုးတတ်မလာခဲ့။ ဂျွန်သတိရလာတဲ့အချိန်က
စပြီး ဆေးရုံကိုထပ်မသွားတော့ပဲ အိမ်မှာ
နေရင်းအရက်သာသောက်နေခဲ့သည်။ ထမင်းချက်အဒေါ်ကြီးကိုလည်း ဆက်မခေါ်
ဖြစ်တော့။

သုံးယောက်သားအတူတူနေရင်း jkကို
တစ်ယောက်တစ်လှည့်ဂရုစိုက်ခဲ့ရသည်။ သို့သော် companyရဲ့ မဖြစ်မနေ အရေးပေါ်
ကိစ္စများရှိလျှင်တော့ နှစ်ယောက်သား jkကို
စိတ်မချသော်လည်း ခရီးထွက်ကြရသည်။။
ယခုလည်း နှစ်ညအိပ် ခရီးက ပြန်ရောက်လာခြင်း ဖြစ်သည်။

jkကတော့ ထင်သည့်အတိုင်းပင်။ အိပ်ပျော်
နေသော jkကို ygဆွဲထူလိုက်ပြီး ရေချိုးခန်းထဲ
ခေါ်လာခဲ့သည်။ sjကမူ အခန်းထဲရှိ အဝတ်
ညစ်များကို ခြင်းတောင်းထဲထည့်ပြီး အဝတ်လျှော်စက်ထဲထည့်က အရင်လျှော်လိုက်သည်။
ထို့နောက် အဝတ်လှန်းကာ ထမင်းစားဖို့
ပြင်တော့သည်။

RevengeDonde viven las historias. Descúbrelo ahora