jmနဲ့th ပထမတစ်ခါလာလည်ပြီးသည့်
နောက် jkက ခွင့်ပြု၍ တစ်ရက်ခြား နှစ်ရက်
ခြားစသည်ဖြင့်လာလည်တတ်သည်။ ဂျွန်နဲ့အတူတူ ရေကူးလိုက် tvကြည့်လိုက် သူငယ်
ချင်းသုံးယောက်ငယ်ငယ်ကအကြောင်းတွေ
ကို ပျော်ပျော်ရွှင်ရွှင်ဖြင့်ပြောကြသည်။ jkက အလုပ်မသွားပဲ ဂျွန်ဘေးတွေသာ အမြဲရှိနေပေးသည်။ jmရော thရော ဘာအကြောင်း
ကြောင့် jkက အလုပ်မသွားပဲ ဂျွန်နားမှာပဲ
အရိပ်တကြည့်ကြည့်ဖြင့် အမြဲဂရုစိုက်ရှိနေ
သည်ကို သံသယမဝင်မိပေ။ ထို့အပြင် ဂျွန်က
သူငယ်ချင်းတွေနဲ့တွေ့တဲ့အချိန်တိုင်း ဘာလို့
လက်ရှည်အင်္ကျီကိုဝတ်ထားရလဲဆိုတာလည်း
နှစ်ယောက်လုံးမစဥ်းစားမိပေ။jkကမူ ဂျွန် သူ့သူငယ်ချင်းတွေကို စိတ်မပူ
စေချင်၍ လက်ရှည်အမြဲဝတ်ထားသည်ကို
သိသည်။ ရှေ့တုန်းက ဖြစ်ပျက်ခဲ့သမျှတွေကို
jmတို့ကို ပြန်မပြောသည့်ဂျွန့်ကို jkအံ့သြမိသည်။
တစ်ခါတစ်ရံ jkစိတ်ထဲ jmတို့များ အဲ့ဒီအကြောင်းတွေကို သိသွားမလားဟု စိတ်မလုံ
မလဲဖြစ်မိသော်လည်း တစ်လကျော်သာကြာသွားသည် လက်တွေ့ဖြစ်မလာခဲ့။ jk ပြုံးရွှင်နေသည့်
ဂျွန့်ကို ကြည့်ကာသက်ပြင်းချလိုက်မိသည်။ကိုက မင်းရဲ့အချစ်တွေနဲ့မထိုက်တန်တဲ့ လူတစ်ယောက်ပါ ချာတိတ်ရယ် မင်းအဲ့အကြောင်းတွေ
သိသွားမယ့်နေ့ကျ မင်းနာလည်မှာပါ မင်း အချစ်တွေကို ကိုယ်လိုလူတစ်ယောက်ပေးခဲ့တာ
မှားပြီဆိုတာကို"hyung jk hyung”
taeရဲ့ အသံသြရှရှနဲ့ ခဏခဏခေါ်တော့မှ
jk အတွေးတွေ ပြတ်သွားတော့သည်။
မျက်ရည်များကျချင်နေသည့် မျက်ဝန်းကြောင့်
မျက်တောင် ခဏခဏခပ်လိုက်ပြီး"ဟင်…ဘာဖြစ်လို့လဲ”
"ဒီနေ့ mallကိုသွားပြီး လိုတာတွေသွားဝယ်ရအောင်လေ hyung,ဂျွန်နဲ့ shoppingတစ်ခါမှလည်း မသွားဘူးလို့ hyungလည်း လိုက်မယ်
မလား”
"အင်း…အင်း သွားကြတာပေါ့ ချာတိတ်လည်း
သွားချင်တယ်မလား”ဂျွန်ရဲ့မျက်ဝန်းများက jkကို သေသေချာချာ
အကဲခတ်နေသော်လည်း ဘာမှမပြောပဲ
ခေါင်းငြိမ့်ပြလိုက်သည်။"အဲ့ဒါဆို သွားကြမယ်လေ ချာတိတ် အဝတ်အစားလဲဦးမှာလား ကိုတော့မလဲ
တော့ဘူး”