yg ထမင်းစားခန်းထဲ ထိုင်ရင်း jkဆင်းလာတာစောင့်နေခဲ့သည်။ jkက လိုတာထက်ပို၍ ကြာနေတော့ စိတ်ကမရှည်တော့ပဲ jkအခန်းဆီ တတ်လာခဲ့သည်။ အခန်းထဲရောက်တော့ ရေချိုးခန်းဆီက
ရေသံများကို ကြားနေရသည်။"jk ရေချိုးတာမပြီး သေးဘူးလား ကြာနေပြီ”
"jk…”yg ခေါ်နေသော်လည်း jkဆီက အသံမကြားရပေ။ ygစိတ်မရှည်တော့ပဲ ရေချိုးခန်းတံခါးကို
ဖွင့်လိုက်တော့ ရေပန်းအောက်မှာ ငုတ်တုတ်ထိုင်ကာ ခေါင်းငိုက်စိုက်ကျနေတဲ့ jkကို တွေ့ပြီး
ရေကို အမြန်ပိတ်လိုက်သည်။ထို့နောက် တဘက်ကို jkအပေါ်ခြုံလိုက်ပြီး"jk ဘယ်လိုတွေဖြစ်ထားတာလဲ လက်မှာလဲ
သွေးတွေရွှဲနေတာပဲ ထတော့ တော်ကြာ
ဖျားနေလိမ့်မယ်”ygက jkလက်ကို ဆွဲပြီး ထူတော့ jkက ygလက်ကို ပြန်ဆွဲထားပြီး မျက်ရည်များဝိုင်းနေသော
မျက်ဝန်းများနှင့် မော့ကြည့်လာခဲ့သည်။"hyung ကျွန်တော် ဘယ်လိုလုပ်ရမလဲ ကျွန်တော်အမှားကြီးမှားခဲ့တယ် hyung
အစကတည်းက hyungတို့သတိပေးတာ
နားထောင်ခဲ့သင့်တာ အခု…အခုတော့”yg jkမျက်ရည်တွေကို လက်နဲ့သုတ်ပေးလိုက်ပြီး
"အဲ့ကိစ္စကို နောက်မှ အေးအေးဆေးဆေးပြောကြမယ် jk အခု အဝတ်အရင်လဲရအောင်
မင်းအနာလည်း ဆေးထည့်ရဦးမယ်”ထိုအခါမှ jk ရေချိုးခန်းကြမ်းပြင်မှ ထလာခဲ့ပြီး
အဝတ်အစားလဲကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ jkရဲ့လက်က သွေးတွေကို sjမြင်တော့"omg jk လက်က ဘယ်လိုဖြစ်လာတာတုန်း”
"sj hyung တိုးတိုး ချာတိတ်နိုးသွားလိမ့်မယ်”jkရဲ့ နမ်ဂျွန့်အပေါ်ပြန်ပြောင်းလဲသွားတာကို
ကြည့်ပြီး ygရော sjပါ အံ့သြနေမိသည်။ မနက်ခင်းက jkဖုန်းဆက်တော့ ygက အနီးအနားရောက်နေ၍ ချက်ခြင်းပင် jkအိမ်ကိာ ရောက်လာခဲ့သည်။ နာရီဝက်ကြာမှ sjလည်း companyမှ
jkအိမ်သို့ရောက်လာခဲ့သည်။ နှစ်ယောက်လုံး
ကုတင်ပေါ်မှာလှဲနေတဲ့ ဂျွန့်ကိုကြည့်ပြီး
မျက်ရည်များပင်ကျလာခဲ့သည်။ minhoရောက်လာပြီ ရှင်းပြတော့ sjရော
ygပါ ဒေါသထွက်ခဲ့ရသည်။ jkဘယ်လိုအတွေးနဲ့
ဒီလို နိမ့်ကျတဲ့အပြုအမူကို လုပ်ခဲ့ရတာလဲ။
jk ပြန်လာရင် ဂျွန့်ကို jkဆီကနေ ခေါ်သွားဖို့
ပြောဖြစ်ခဲ့သည်။ သို့သော် jkက နှစ်ယောက်လုံး
မထင်ထားတဲ့ပုံစံနဲ့ ပြန်ရောက်လာတော့ အံ့သြသွားရသည်။ ဒါ yg ငယ်ငယ်ကတည်းက သိခဲ့တဲ့ jeon jungkookတဲ့လား။
အမြဲတမ်းသန်မာနေတဲ့ jkက အခုအခါပျော့ညံ့
နေခဲ့သည်။ မသိလျှင် ကွဲလွယ်ရှလွယ်တဲ့ ဖန်စတစ်ခုလိုပင်။ ဂျွန့်အခန်းထဲမှာ ပြိုလဲကာ မျက်ရည်များကျလာတော့ ygနဲ့sjအံ့သြသွားခဲ့
ရသည်။ jungho ဆုံးသွားတုန်းက သူတို့ရှေ့မှာပင် အခုလို ငိုမနေခဲ့။ ဘယ်အရာကများ jkကို
ဒီလိုဖြစ်စေခဲ့တာပါလိမ့်။ ထို့အပြင် နမ်ဂျွန်ကလည်းjkကို ပွေ့ဖက်ကာ နှစ်သိမ့်ပေးနေခဲ့သည်။
သူ့အပေါ် ဒီလောက်ထိရက်စက်ခဲ့တဲ့ jkကို နှစ်သိမ့်ပေးနေတဲ့ ဂျွန့်ကိုကြည့်ပြီးသိလိုက်ရသည်မှာ နမ်ဂျွန် အခုထိ jkကို ချစ်နေဆဲပင်။