jk ဂျွန့်ရဲ့ ပါးစပ်မှ jungho နာမည်ပြောသံကို
ပထမဆုံးကြားဖူးခြင်းပင်။ ဘာ…ဘာဖြစ်လို့
အခုအချိန်မှ ပြောလိုက်ရတာလဲ။ jkရဲ့နှလုံးခုန်
သံက အဆမတန်ပို၍ မြန်လာကာ နားများပင်
အူလာခဲ့သည်။ jk ဂျွန့်ရဲ့ပုခုံးကို ခပ်ကြမ်းကြမ်းလှုပ်ကိုင်လိုက်ပြီး"kim namjoon မင်းဘာပြောလိုက်တယ် အခုချက်ခြင်းပြန်ပြောစမ်း”
ဂျွန့်ပုံစံက jkစကားနားထဲမဝင်ပဲ jkရဲ့မျက်နှာ
ကို ကြည့်ကာ လက်အုပ်ချီပြီး သူ့ကိုလွှတ်ပေး
ဖို့ပဲ တတွတ်တွတ်တောင်းဆိုနေမိသည်။
ဒါ…ဒါပေမယ့် ဘာလို့ junghoရဲ့နာမည်လဲ။
ဂျွန် jkရဲ့မျက်နှာကိုကြည့်ပြီး ဂျွန်ရဲ့မှတ်ဥာဏ်ထဲ၌ မေ့ပစ်ထားသော သူရဲ့နာမည်က ပေါ်လာ
ခဲ့သည်။ နှစ်ယောက်သားက ဘာမှမတော်စပ်
ပဲ ဘာလို့ ဒီလောက်တောင်တူနေရတာလဲ။
အထူးသဖြင့် မျက်လုံးတွေ။ ထိုမျက်လုံးတွေ
က လွန်ခဲ့တဲ့ နှစ်နှစ်လုံး ဂျွန့်အတွက်အိပ်မက်
ဆိုးတွေ ဖြစ်ခဲ့သည်။ ဘာလို့ အရင်က jkရဲ့ မျက်လုံးတွေကို သတိမထားမိခဲ့တာလဲ။
အခုတော့ ထိုမျက်ဝန်းတွေကိုကြည့်ပြီး နာမည်တစ်ခုကသာ ဂျွန့်ခေါင်းထဲ ပဲ့တင်ထပ်နေခဲ့သည်။Jungho
jk အသက်မဲ့နေသလိုဖြစ်သော ဂျွန့်ပုံစံကို
ကြည့်ကာ အခန်းထဲမှ ဒေါသတကြီးထွက်လာခဲ့သည်။"အား…”
jk အိမ်အောက်ထပ်ရှိ ကားရှေ့ရောက်တော့ အားကုန်အော်လိုက်မိသည်။ ထို့နောက် ကားမှန်တံခါးကို လက်သီးဖြင့် ထိုးလိုက်သဖြင့် မှန်တစ်ခုလုံးအစိတ်စိတ်အမွှာမွှာဖြစ်သွားကာ jkရဲ့ လက်ဖမိုးမှလည်း သွေးများစီးကျလာခဲ့သည်။
jk လက်နှစ်ဖက်နဲ့ ဆံပင်ကို စောင့်ဆွဲလိုက်ပြီး"ငါ အခု ဘာတွေလုပ်ခဲ့မိတာလဲ ငါ…ငါ
နမ်ဂျွန်ကို အလိုမတူပဲ စော်ကားခဲ့မိတာလား
ဘာလို့ ဒီလိုယုတ်ညံ့တဲ့အလုပ်ကို ငါလုပ်လိုက်
မိတာလဲ jeon jungkook မင်း အခု ဘာလုပ်
ခဲ့တာလဲ အား….”jk ကိုယ့်ဘာသာကို စိတ်တိုနေမိသည်။ မှန်သည်။
နမ်ဂျွန့်ကို အခုလို တခြားတစ်ယောက်နဲ့ တွေ့တဲ့
အချိန်ခဏ၌ jkစိတ်တွေ အကုန်လွတ်ထွက်ခဲ့သည်။ ဒါပေမယ့် ဒါကို jkရဲ့ယုတ်ညံ့တဲ့ အပြုအမူအတွက် အကြောင်းပြချက်တစ်ခုမဖြစ်နိုင်ပေ။ jk အောက်ကနေအပေါ်ထက်ကို မော့
ကြည့်ရင်း စိတ်ထဲ၌ နောင်တတရားများ ပို၍ပင်
ပေါ်လာခဲ့သည်။ ဒီတစ်ခါ၌ နမ်ဂျွန် jkကို ပို၍ပင်
မုန်းနေတော့မည်။ ဘယ်တော့မှ ခွင့်လွှတ်တော့မည်ဟုမထင်မိပေ။ ထိုခဏ မိုးများကျလာသဖြင့်
jkတစ်ကိုယ်လုံး ရွှဲစိုကုန်တော့သည်။ သို့သော်
jkရင်ထဲက အပူကိုတော့ ထိုမိုးက မငြိမ်းနိုင်ခဲ့ပေ။