အပိုင်း[၄၂]

163 24 6
                                    

ဂျွန် ကားပေါ်ကဆင်းပြီး jk companyကို
ကြည့်လိုက်တော့ ပါးစပ်အဟောင်းသားဖြစ်
သွားတော့သည်။ jkရဲ့ companyက
ဒီလောက်ထိကြီးမှန်း ဂျွန်မသိခဲ့ပေ။ အလုပ်
ကိစ္စအကြောင်း တစ်ခါမှမမေးဘူးတော့ jkက companyပိုင်ရှင်ဆိုသည်ကလွဲ၍ ဘာအလုပ်
မှန်းတောင် သေချာမသိခဲ့။

ထို့နောက် yoongiနဲ့ဂျွန် နှစ်ယောက်သား companyထဲဝင်လာခဲ့သည်။ ဓာတ်လှေကားထဲသို့ဝင်လိုက်ပြီးနောက် ygက သွားရပ်မည့်အထပ်ကို နှိပ်ပြီးလိုက်သည်။ ဓာတ်လှေကားက အပေါ်သို့တတ်လာသည်နှင့်အမျှ ဂျွန့်ရဲ့နားက ဘာမှ
မကြားနိုင်တော့ပဲ အူနေခဲ့သည်။ နှလုံးက
ပါးစပ်က ထွက်ကျမတတ် ပျို့အန်ချင်လာသည်။

တစ်ကိုယ်လုံးတုန်နေသော နမ်ဂျွန်ကို ကြည့်ပြီး ygစိတ်မကောင်းဖြစ်မိသည်။ jk ဘယ်လောက်ထိ ဒီကောင်လေးကို နှိပ်စက်ထားလို့ ဒီလောက်ထိကြောက်နေရတာလဲ။ သူကူညီချင်ပေမယ့် jkကို
တားမရတာ ygအသိဆုံးဖြစ်သည်။ yg နမ်ဂျွန်ရဲ့လက်ကို ဆုပ်ကိုင်လိုက်တော့ နမ်ဂျွန်ရဲ့ခန္ဓာကိုယ်လေး တွန့်ခနဲဖြစ်သွားသည်။ မျက်လုံးလေးပြူးကာ မော့ကြည့်လာသော နမ်ဂျွန့်ပုံစံက အပြစ်ကင်းစင်သော ယုန်လေးပမာပင်။ yg နမ်ဂျွန့်ကို ပြုံးပြလိုက်ပြီး

"ဘာမှဖြစ်မှာမဟုတ်ဘူးနော် စိတ်မပူနဲ့ hyungတို့ ရုံးခန်းအပြင်မှာ ရှိနေမှာ sj hyungရော"

နမ်ဂျွန် မျက်ရည်များဝေ့နေသော မျက်ဝန်းကို
အိင်္ကျီလက်ဖြင့်သုတ်လိုက်ပြီး ခေါင်းငြိမ့်ပြ
လိုက်သည်။ ဓာတ်လှေခါးတံခါးပွင့်သွားတော့ နှစ်ယောက်သား jkရုံးခန်းရှိရာလျှောက်လာခဲ့သည်။sjက နမ်ဂျွန်တို့ကိုမြင်တော့ ထိုင်ရာက
ထလာပြီးနမ်ဂျွန်ကို လာဖက်သည်။

"ဂျွန် အဆင်ပြေရဲ့လား ဒီကြားထဲ ဂျွန့်ဆီကို
မလာနိုင်ခဲ့တာ တောင်းပန်ပါတယ် hyungတို့လည်း မအားတာနဲ့"

နမ်ဂျွန်က ခေါင်းရမ်းလိုက်ပြီး

"ရပါတယ် hyung ဂျွန်အဆင်ပြေတယ် စိတ်မပူနဲ့နော်"

sj ဘာမှမပြောတော့ပဲ ညှိုးငယ်စွာနဲ့ ခေါင်းညိမ့်ပြလိုက်သည်။ ဒီကလေးက သိပ်ကို သန်မာပါလား။
ထို့နောက် jkရုံးခန်းထဲသို့ ၃ယောက်သား ဝင်လာခဲ့သည်။ ရုံးခန်းထဲရောက်တော့ sjနဲ့yg မျက်လုံးများပြူးသွားကာ အခန်းများ လွဲဝင်မိသွားသလားဟု ထင်လိုက်မိသည်။ jkက ရုံးခန်းထဲရှိ ထိုင်ခုံပေါ် ထိုင်နေလို့သာ အပြင်ကို ပြန်ထွက်မသွားခြင်းဖြစ်သည်။ jkကမူ sjနဲ့ygနှစ်ယောက်ပါ အခန်းထဲ လိုက်လာ၍ စိတ်ရှုပ်သွားပုံရသည်။

RevengeDonde viven las historias. Descúbrelo ahora