ဂျွန် ဖုန်းနှိုးစက်သံကြောင့် အိပ်ယာက ထလာခဲ့ရသော်လည်း ခေါင်းက နောက်နေသည်။ ဒီနေ့က
ပုံမှန်နေ့ထက် အိပ်ချိန်ပို၍ နည်းနေသောကြောင့်ဖြစ်သည်။ ဂျွန် ခေါင်းကို လက်ဖြင့်ဖိလိုက်ကာ အိပ်ယာကထလာပြီး ရေချိုးကာ အလုပ်သို့ထွက်လာခဲ့သည်။လူက လှုပ်လျှင်ကို ခေါင်းက ပိုကိုက်နေသောကြောင့် ဂျွန်ဖြည်းဖြည်းပဲလုပ်ကာ အလုပ်ကို နှေးနှေးလျှောက်လာသည်။ ဂျွန်လမ်းလျှောက်ရင်း တစ်ယောက်ယောက်နောက်က လိုက်လာသော ခြေသံကြားသဖြင့် လှည့်ကြည့်တော့ ဘယ်သူမှမရှိပေ။
ဂျွန်ခေါင်းရမ်းလိုက်ပြီး ရှေ့ကို ဆက်သွားလာလိုက်သည်။ ဂျွန်ရှေ့ဆက်လျှောက်တော့ နောက်က ခြေသံတွေကို ပြန်ကြားလိုက်ရသည်။ ဂျွန်
ဒီတစ်ကြိမ်နောက်လှည့်ကြည့်တော့ ကောင်လေးနှစ်ယောက်ကို ဂျွန်နဲ့မလှမ်းမကမ်းမှာတွေ့လိုက်ရသည်။ဂျွန် မြန်မြန်ဆက်လျှောက်တော့ ထိုနှစ်ယောက်ကလည်း ပို၍မြန်မြန်လျှောက်လာသည်။
ဂျွန် ခေါင်းကိုက်နေတာကို လျစ်လျှူရှုပြီး မြန်မြန် ပြေးခဲ့လိုက်သည်။ ဂျွန်နောက်ကို လှည့်ကြည့်တော့ သူတို့နှစ်ယောက်ကပါ ပြေးလာကြသည်။ဂျွန်လမ်းပေါ်ကြည့်တော့ လမ်းပေါ်၌ ဘယ်သူမှမရှိပေ။ ဂျွန် လူပြတ်တဲ့လမ်းကနေသွားဖို့ရွေးချယ်တဲ့အတွက် ကိုယ့်ကိုကိုသာ အပြစ်တင်မိသည်။ဂျွန် လှည့်ကြည့်ရင်းပြေးနေသဖြင့်
ဂျွန့်ရှေ့တည့်တည့်၌ ရပ်နေသော သူကိုမမြင်ပဲ ဝင်တိုက်မိ၍ ဂျွန်ဖင်ထိုင်ရက်လဲကျသွားသည်။ ဂျွန် မော့ကြည့်တော့ ထိုသူက ဂျွန်ကိုကြည့်ကာ မထိတထိပြုံးပြနေသည်။နောက်ကလိုက်လာတဲ့သူနှစ်ယောက်ကလည်း
ဂျွန့်ကို မှီလာသဖြင့် ဂျွန် ထိုင်ရက်ဖြင့် အုတ်နံရံစီ ကျောကပ်နေလိုက်သည်။ထိုသူသုံးယောက်လုံးက ရယ်လိုက်ကာ ဂျွန့်ကို ငုံ့ကြည့်နေကြသည်။"မင်း ငါတို့ကို မမှတ်မိဘူးလား"
သူတို့ပြောမှ ဂျွန်စဥ်းစားကြည့်တော့ လွန်ခဲ့တဲ့ တစ်လက စတိုးဆိုင်က အလစ်သုတ်သွားတဲ့ ကောင်လေးများပင်။
"မင်းတို့ငါ့ဆီက ဘာလိုချင်လို့တုန်း ငါ့မှာ ပေးစရာဘာမှ မရှိဘူး"
