jiminနဲ့taeတို့ ဂျွန်တို့နှစ်ယောက် ထွက်သွားသည်ကို ကြည့်ပြီး နေရာမှာပြန်ထိုင်လိုက်သည်။ jiminရော taeရော ဂျွန့်ရဲ့အခုပုံကို မျက်လုံးထဲကကို မထွက်ပေ။
"ဂျွန် အများကြီးပြောင်းလဲသွားတယ် tae”
"ဟုတ်တယ် သူ့ကြည့်ရတာ တို့လို သူငယ်ချင်း
အရင်းကြီးနဲ့တောင် အရင်ကလို စကားကို
ပျော်ပျော်ရွှင်ရွှင်ပြောနိုင်ပုံမပေါ်ဘူး”jiminကို ကြည့်လိုက်တော့ မျက်ရည်များ
ကျနေသည်ကို တွေ့ရသည်။ tae jiminရဲ့
ပါးပေါ်က မျက်ရည်များကို သုတ်ပေးလိုက်ပြီး"တအားကြီး စိတ်မကောင်းမဖြစ်ပါနဲ့ taeတို့လည်း seoulကို ရောက်နေတာပဲ နောက်ကို ဂျွန်နဲ့များများတွေ့ပေးပြီး အရင်လို ပြန်ဖြစ်အောင်
ကြိုးစားကြတာပေါ့ ဟုတ်ပြီလား”jiminခေါင်းငြိမ့်လိုက်ပြီး
"တို့အခန်းပဲ ပြန်ကြရအောင် tae”
taeခေါင်းငြိမ့်လိုက်ပြီး jiminလက်ဆွဲကာ
နေရာမှထွက်လာခဲ့သည်။ ထို့နောက် taxiငှားပြီး
အဆောင်သို့ပြန်လာခဲ့သည်။ ကားပေါ်၌
နှစ်ယောက်လုံး စကားတစ်ခွန်းမှ
မပြောဖြစ်တော့ပေ။ jiminကားမှန်ကို မှီပြီး
ဂျွန့်အကြောင်းစဥ်းစားရင်း လိုက်လာခဲ့သည်။ဂျွန်က ပြောင်းလဲသွားသည်ဆိုတာထက် တစ်ခြားသူတစ်ယောက်ဖြစ်သွားသည်ဟု ပြောလျှင် ပိုမှန်မည်။ ဂျွန်က jiminတို့နဲ့ငယ်ငယ်တည်းက ခင်ခဲ့သည်နမ်ဂျွန်မဟုတ်တော့။ jiminတို့နဲ့ ငယ်ငယ်ကတည်းက ခင်ခဲ့သည့် နမ်ဂျွန်က အမြဲပြုံးပျော်နေကာ တောက်ပနေသည်။ အမြဲတမ်း ပါးပြင်၌ ပါးချိုင့်နှစ်ခုပေါ်အောင် ပြုံးနေတတ်သည်။
ဆက်ဆံရေးကလည်း ကောင်းလွန်း၍ ကျောင်းရှိလူတိုင်းနီးပါး ဂျွန့်ကိုချစ်ကြသည်။ ဂျွန်က
စာတော်၍လည်း ကျောင်းရှိဆရာ/မအကုန်လုံးကလည်း ချစ်ကြသည်။ ကျောင်းဂုဏ်ဆောင်တစ်ယောက်လည်း ဖြစ်သည်။ ယခင် နမ်ဂျွန်က
ပါးဖောင်းဖောင်းလေးဖြင့် အမြဲချစ်စရာကောင်းသည်။အဝတ်အစားသပ်သပ်ရပ်ရပ်ဖြင့် မြင်လိုက်သည့်သူတိုင်း ဂျွန့်ကို ချစ်ခင်လေးစားကြသည်။
ယနေ့တွေ့လိုက်သည့်ဂျွန်က လုံးလုံးဆန့်ကျင်ဘက်ဖြစ်သည်။ hoodieကြီးကြီးက ခန္ဓာကိုယ်နဲ့မလိုက်အောင် အကြီးကြီးဖြစ်ကာ ဖိုသီဖက်သီဖြစ်နေသည်။ ဆံပင်ကလည်း မညှပ်ထားသဖြင့် ရှည်နေသည်။ ထို့အပြင် မဖီးထားသဖြင့် ရှုပ်ပွနေသည်။