အပိုင်း[၆၄]

140 22 2
                                    

ရေတွေစီးနေသော မြောင်းဘေးရှိ သစ်ပင်အောက်၌ ဂျွန် jkရင်ဘက်ကို မှီရင်း ရေထဲမှာ
ဆော့နေသော ဘဲသားအမိကို ကြည့်နေမိသည်။
jkရဲ့မေးက ဂျွန့်ခေါင်းပေါ်တင်ထားကာ
လက်နှစ်ဖက်ကလည်း ဂျွန်ရဲ့ခါးကို ပွေ့ဖက်ထားသည်။

"ဦး…”
"ဟင်…”
"moonieက ဘဲကျောင်းတတ်တယ်နော် ရေကန်ဘေးမှာထိုင်ပြီး စောင့်နေတာ ရွှေ့ကိုမရွှေ့ဘူး
အကြည့်ကလည်း သူတို့ကိုပဲ စိုက်ကြည့်နေတာပဲ
မသိရင်သူက ဘဲပိုင်ရှင်ကျလို့”

ဂျွန် ကိုယ်ပြောတာကို ပြန်သဘောကျပြီး
တခစ်ခစ်ဖြင့်​ရယ်နေမိသည်။ jkလည်း
ဂျွန်ပျော်နေတာကို ကြည့်ပြီး ပြုံးနေမိသည်။

"ချာတိတ် seoulပြန်ရောက်ရင် ဘယ်သွားစရာ
ရှိလဲ”
"အင်း ဂျွန် minnieနဲ့taetaeဆီ အလည်သွားဖို့
စဥ်းစားထားတာ ဂျွန်သွားလို့ရတယ်မလားဦး”
"ရတာပေါ့ ချာတိတ်ရဲ့”

ဂျွန်ခေါင်းကို ငြိမ့်ကာ ရှေ့က ရှူခင်းကိုသာ
ကြည့်နေခဲ့သည်။ jkပါးစပ်ကနေ သီချင်းတစ်ချို့ကို တိုးတိုးလေးညည်းသံနဲ့အတူ ဂျွန့်မျက်ခွံများ
လေးလာကာ အိပ်မက်ကမ္ဘာဆီ ရောက်ခဲ့တော့သည်။ jk သူ့ရင်ခွင်ထဲ၌ အိပ်ပျော်နေသော
ကောင်လေးကို ငုံ့ကြည့်လိုက်ပြီး ပြုံးကာ
ဂျွန့်ခေါင်းကို ဖွဖွလေးနမ်းလိုက်သည်။

jk ဂျွန့်ရဲ့ဆံပင်ကို လက်နဲ့ညင်ညင်သာသာဖွရင်း
စဥ်းစားနေမိခဲ့သည်။ ဒီခရီးက သူတို့နှစ်ယောက်အတွက်နောက်ဆုံးသွားဖြစ်သည့်ခရီးပင်။
ဂျွန်အဖြစ်မှန်သိသွားမည့်အချိန်၌ jkကို မမြင်
ချင်တော့လောက်အောင်မုန်းနေမည်ကို
jkသိသည်။ဖြစ်နိုင်ရင် ဒီနေရာလေးမှာပဲ ဂျွန်နဲ့တစ်သက်လုံး နေသွားချင်မိသည်။ သို့သော်
jkဒီလောက်ထိ တစ်ကိုယ်ကောင်းဆန်၍မဖြစ်။ ရှေ့တုန်းကဘာကိုမှမစဥ်းစားမဆင်ချင်ပဲ
အပြစ်တွေကျူးလွန်ခဲ့မိသည့် ကိုယ်ကိုတိုင်ပဲ အပြစ်တင်မိသည်။ ပထမဆုံးဖြစ်ပေါ်လာသည့် အချစ်ကိုjkတန်ဖိုးမထားခဲ့၍ ဆုံးရှုံးရတော့မည်။
soeulကို ပြန်ရောက်ရင်ရော။

junghoက သူရဲ့သားပါဆိုတာ ဂျွန့်ကို ဘယ်လို
ပြောပြရမလဲ။ လွန်ခဲ့တဲ့၂နှစ်ကတည်းက
ဂျွန့်ကိုစောင့်ကြည့်နေခဲ့တာဆိုတာကိုရော။ တစ်ဖြည်းဖြည်း ဂျွန့်ကို ချည်းကပ်ဖို့အထိ ပြင်ဆင်ခဲ့တယ်ဆိုတာနဲ့ ပထမဆုံးစတွေ့ချိန်ကနေ ဂျွန်သူ့ကို ပထမဆုံးအားကိုးခဲ့တဲ့ဖြစ်စဥ်
တွေက အစ jkစီစဥ်ခဲ့တယ်ဆိုတာ ဂျွန်သိရင် ဘယ်လိုဖြစ်သွားမလဲ။

RevengeWhere stories live. Discover now