ဂျွန် ဘာမှမတွေးနိုင်သေးခင် မျက်ရည်ပူများ
ပါးပေါ် တရစပ်ကျလာခဲ့သည်။ ဂျွန် အံ့သြလွန်း၍ မျက်လုံးအဝိုင်းသားဖြင့် မေးက
ကြမ်းကို ထိမတတ်ပင်။ ဂျွန်အသံမထွက်နိုင်ပဲ အသံတိတ်အော်ဟစ်နေမိသည်။jungkookက ဂျွန်တစ်ခါမှမမြင်ဖူးတဲ့ကောင်လေးတစ်ယောက်နဲ့ မနက်ဖြန်ပင် မရှိတော့သည့်အတိုင်း နမ်းနေကြသည်ကို တွေ့လိုက်ရသည်။ ထိုကောင်လေးရဲ့ ခြေထောက်နှစ်ဖက်က jungkookရဲ့ခါးကို ပိုက်ထားပြီး jungkook
ထိုကောင်လေးနဲ့ကို တင်းတင်းကြပ်ကြပ်ပင်
ပွေ့ထားသည်။ထိုတစ်ယောက်ကို ဂျွန်တစ်ခါမှမမြင်ဖူးချေ။
ဂျွန့်ထက်တော့ အသက်နည်းနည်းကြီးပုံရသည်။ လှတာကတော့ တော်တော်လေးလှသည်။ jungkookက ဂျွန့်ဘက်ကိုပင် လှည့်မကြည့်ပဲ နှစ်ယောက်သားနမ်းလျက်သား jungkook အခန်းဆီကို တတ်သွားကြသည်။ဂျွန် သူတို့လုပ်သမျှကိုသာ ကြည့်နေမိတော့သည်။ အသားတွေ တစ်ဆက်ဆက်တုန်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားမိသည်မှာ လက်ဖဝါးမှာ လက်သည်းကြောင့် သွေးများထွက်မတတ်ပင်။ ခဏကြာတော့
ဂျွန်အသိစိတ်ပြန်ဝင်ကာ အပေါ်ထပ်သို့ ပြေးတတ်လာခဲ့သည်။ တံခါးပေါက်ကို ဖွင့်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဂျွန်အန်ချင်စိတ်ကို မနည်းထိန်းထားရသည်။ jungkookတို့နှစ်ယောက်လုံး အပေါ်အင်္ကျီပင် မပါတော့ပေ။ jungkookရဲ့အပေါ်ရောက်နေသော ထိုတစ်ယောက်ကို ဂျွန် ပုခုံးကနေဆွဲကာ jungkookပေါ်က ဖယ်လိုက်ပြီး ပါးကို တအားရိုက်ချလိုက်သည်။"နှစ်ယောက်သားအခုဘာတွေဖြစ်နေတာတုန်း
ဒီအိမ်မှာ ငါတစ်ယောက်လုံးရှိသေးတယ် မင်းက ဦးနဲ့ဘာတော်တာလဲ နှစ်ယောက်စလုံးအရှက်မရှိဘူးလား ပြီးတော့ ဦး ဂျွန်ကိုတစ်ယောက်တည်း တစ်ပတ်လုံးထားခဲ့ပြီး ပြန်ရောက်လာတော့
တစ်ခြားတစ်ယောက်နဲ့တဲ့လား ဦးဘယ်လိုလုပ်……”
"ဖြောင်း……”ဂျွန်စကားပင်မဆုံးလိုက် ဂျွန့်ရဲ့ပါးကို jungkookရဲ့ အားပါတဲ့ ရိုက်ချက်ကြောင့်
ဂျွန် ကြမ်းပြင်ပေါ်လဲကျသွားသည်။ ရိုက်ချက်က ပြင်းသဖြင့် ဂျွန့်မူးဝေသွားကာ နေရာကနေ
မထနိုင်ပေ။ ဂျွန်ပါးကို လက်တစ်ဖက်ဖြင့် အုပ်ရင်း