အပိုင်း[၂]

359 34 6
                                    

ညကုန်ဆုံးသွာတော့ hoseok hyungလာခါနီး
ဂျွန်ဆိုင်ကို သန့်ရှင်းရေးနောက်တစ်ကြိမ်ပြန်လုပ်သည်။ မှန်တွေကိုပါ သေသေချာချာတိုက်သည်။ hyungက မလုပ်နဲ့ဟုပြောသော်လည်း ဂျွန်က အမြဲသန့်ရှင်းရေးလုပ်ပြီးမှသာပြန်တတ်သည်။

သန့်ရှင်းရေးလုပ်ပြီး ခဏကြာတော့ hyungရောက်လာကာ ဂျွန်နှုတ်ဆက်ပြီး ပြန်လာခဲ့တော့သည်။ ဂျွန်ရဲ့အလုပ်နဲ့အိမ်က ကားစီးမည်ဆိုလျှင် နာရီဝက်လောက်စီးရသည်။ ဒါပေမယ့် မနက်ခင်းပြန်ချိန်က သူများတွေ အလုပ်တတ်ချိန်ဖြစ်နေ၍ ကားက ပြည့်ကြပ်နေသဖြင့် အမြဲတမ်းခြေလျင်လျှောက်၍သာပြန်ဖြစ်သည်။

အလုပ်လာတော့လည်း ဂျွန် ခြေလျင်သာလျောက်လာသည်။ ၁နာရီလောက်လမ်းလျှောက်ပြီးတော့ ဂျွန်နေရာ တိုက်သို့ရောက်လာပြီး အပေါ်ဆုံးထပ်သို့တတ်လာခဲ့သည်။ ဂျွန်က တိုက်ခေါင်မိုးထပ်၌နေ၍ အခန်းရောက်တော့ နေပင်အတော်မြင့်နေပြီဖြစ်သည်။

ထို့နောက် ဝတ်ထားသော အနွေးထည်ချွတ်ကာ ထမင်းအိုးတည်ပြီး အိပ်ယာ၌ ဝင်အိပ်လိုက်သည်။ နေ့လည်ခင်းတစ်ရေးနိုးတော့ ကြက်ဥကြော်ကာ ဂင်ချီနဲ့ပဲ ထမင်းတစ်ပန်းကန်စားကာ ပြန်အိပ်ဖြစ်သည်။ အဲ့ဒါဂျွန်ရဲ့ နေစဉ်ဘဝပင်ဖြစ်သည်။

ဖုန်းလည်း ခလုတ်ဖုန်းလေးသာသုံးဖြစ်သည်။ ဘယ်မှသွားဖို့လည်းစိတ်မဝင်စားကာ အခန်းထဲ၌သာ တစ်နေကုန်နေမိသည်။ အခန်းကလည်း ပင့်ကူမျှင်များပင် ရှိနေကာ သန့်ရှင်းရေးမလုပ်သည်မှာ ကြာပြီဖြစ်သည်။ မဖတ်ဖြစ်သော စာအုပ်ဟောင်းများကလည်း အခန်းထောင့်၌ အပုံလိုက်ဖုန်ပင်တတ်နေသည်။

ဂျွန်နောက်တစ်ကြိမ်အိပ်ယာနိုးတော့ ညနေ၅နာရီရှိပြီဖြစ်သည်။ ဂျွန် ရေချိုးကာ အဝတ်စားလဲပြီး ရေစိုအဝတ်များကို အပြင်ဘက်ထုတ်လှန်းသည်။ ထို့နောက် ခေါက်ဆွဲတစ်ထုပ်ပြုတ်ကာ ညစာစားပြီး အလုပ်သို့ ခြေလျင်ထွက်လာခဲ့သည်။

ဂျွန်သွားရာလမ်းတစ်လျောက်၌ ပန်းခြံတစ်ခုရှိသည်။ ဂျွန် အဲ့ပန်းခြံ၌ ၁၅မိနစ်ခန့်ထိုင်ပြီးမှ ရှေ့ဆက်သွားဖြစ်သည်။ လမ်းကြားမှသွားသဖြင့် လူသိပ်မရှုပ်ပေ။ ၇နာရီခွဲခါနီး ၅မိနစ်အလို ဂျွန်အလုပ်သို့ရောက်လာခဲ့သည်။

RevengeDonde viven las historias. Descúbrelo ahora