busanနဲ့ နီးလာလေ ဂျွန့်ရဲ့ရင်တွေအခုန်မြန်လေဖြစ်လာသည်။ ဘာပဲဖြစ်ဖြစ် ပြန်မရောက်တာ ၂နှစ်ရှိနေပြီမဟုတ်လား။ ဂျွန် ခြေထောက်တွေကို လှုပ်နေမိပြီး လက်သည်းကို အသားကုန်ကိုက်နေမိသည်။
jungkookက ဂျွန့်ရဲ့လက်ကို လှမ်းဆွဲလိုက်တော့
ဂျွန် jungkookကို ဘာဖြစ်လို့လဲ ဆိုသည့်
အကြည့်နဲ့ကြည့်လိုက်မိသည်။ jungkookက
ဂျွန့်ရဲ့လက်ညှိုးကို ကြည့်လိုက်ပြီး"ချာတိတ် လက်က သွေးတောင်စို့နေပြီ
အဲ့လောက်ကြီး စိတ်လှုပ်ရှားနေတာလား”ဂျွန် ဘာမှမပြောပဲ ခေါင်းငြိမ့်ပြလိုက်သည်။ jungkookက သူ့ရဲ့လက်ကို ဂျွန့်ရဲ့လက်နဲ့
လက်ချင်းယှက်လိုက်ပြီး"ကို ပါနေတာပဲ ချာတိတ်ရဲ့ အဆင်ပြေမှာပါ”
ဂျွန် jungkookရဲ့လက်ကို ပြန်ဆုပ်ကိုင်လိုက်ပြီး
အသက်ရှုလေ့ကျင့်ခန်းကိုသာ ပုံမှန်လုပ်နေလိုက်သည်။ ဂျွန်ရဲ့အိမ်ရှေ့ကားရပ်တော့ လာမိတာမှားပြီလားဟု နောင်တရချင်လာမိသည်။ ဖြစ်နိုင်ရင်
အခုချက်ခြင်းပင် seoulကို ပြန်ချင်စိတ်ပင်ဖြစ်မိသည်။ jungkookကို ကြည့်လိုက်တော့ jungkookက အားပေးတဲ့အပြုံးပြုံးကာ
ခေါင်းငြိမ့်ပြသည်။ ဂျွန် တုန်နေသော နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီးဟုတ်တယ် ဂျွန့်ရဲ့ဘေးမှာ ဦးရှိနေတာပဲ အားလုံးအဆင်ပြေမှာ ဂျွန်ယုံကြည်ထားလို့ရတယ်
နှစ်ယောက်သားကားပေါ်ကဆင်းလာပြီး
အိမ်တံခါးရှေ့မှာ မတ်တပ်ရပ်ရင်း ဂျွန့်ရဲ့အိမ်ကို ကြည့်နေမိသည်။ ခြံဝိုင်းထဲက သစ်ပင်တွေမှအပ ဂျွန်တို့အိမ်ပုံစံက ဂျွန်ထွက်သွားတုန်းကအတိုင်း ဘာမှမပြောင်းလဲပေ။ ဂျွန်စိုက်ထားတဲ့ သစ်ပင်တွေ ကြီးလာတာတွေ့ရတော့ ပျော်မိသည်။"joonie…??”
ဂျွန့်ရဲ့အမေအိမ်ထဲကနေထွက်လာတာမြင်လိုက်တော့ ဂျွန့်ရဲ့မျက်လုံးလေးတွေဝိုင်းကာ မျက်ရည်စများစိုစွတ်လာခဲ့သည်။ အမေကလည်း ဂျွန့်ကို ရုတ်တရက်တွေ့လိုက်ရ၍ နေရာမှာပင်ကြောင်ကာ ရပ်ပြီး ဂျွန့်ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိသည်။
