အပိုင်း[၅၃]

199 28 6
                                    

ခေါင်းမိုးထပ်ရောက်တော့ junghoတို့
သုံးယောက် ဂျွန်ကို ခပ်ထေ့ထေ့ဖြင့်ပြုံးပြီး
ကြည့်နေသည်ကို တွေ့ရသည်။ ဂျွန် နေရာမှ
မရွေ့ပဲ junghoကိုသာကြောင်ကြည့်နေမိသည်မှာဂျွန့်ရှေ့ကို junghoရောက်နေသည်ကိုပင်
မသိလိုက်ပေ။ ဂျွန်သတိပြန်ဝင်တော့
ရှေ့မှာ junghoက ဂျွန်နဲ့နီးနီးကပ်ကပ်မှာ
ရပ်နေသည်ကိုတွေ့ပြီး အာမေဋိတ်သံထွက်ကာ နောက်သို့မြန်မြန်ဆုတ်လိုက်တော့သည်။ junghoကလည်း ဂျွန်ကျောနဲ့နံရံနဲ့
ကပ်သည့်အထိ လျောက်လာခဲ့သည်။
ဂျွန် ဘယ်မှသွားစရာမရှိတော့ junghoကို
မကြည့်ပဲ ဘေးကိုသာ ကြည့်နေမိသည်။
junghoက ဂျွန့်မေးကို ခပ်ကြမ်းကြမ်းကိုင်ပြီး
သူ့ကို ကြည့်စေကာ

"မင်း ငါ့ကို ရှောင်ဖို့ကြိုးစားနေတာလား joonie”

junghoရဲ့ရှုထုတ်လိုက်တဲ့လေက ဂျွန့်နှုတ်ခမ်းကို လာရိုက်ခတ်တဲ့အထိ နီးကပ်နေသဖြင့်
ဂျွန် မျက်လုံးကို အတင်းမှိတ်ပြီး ခေါင်းကို
ရမ်းလိုက်မိသည်။ ထိုစဥ် junghoလက်သီးဖြင့်
ဂျွန့်ဗိုက်ကိုထိုးလိုက်သဖြင့် ဂျွန်ဗိုက်ကို လက်ဖြင့်ပိုက်ပြီး မြေပြင်ပေါ်သို့လဲကျသွားခဲ့သည်။
junghoက ခြေထောက်ဖြင့် ဆက်ကန်နေကာ

"ငါမေးနေရင် အသံထွက်ပြီး ပြန်ဖြေလေ
ဘာကိစ္စ ပြန်မဖြေရတာတုန်း မင်းမှာ ပါးစပ်မပါဘူးလား”

ဂျွန့် မျက်ဝန်းမှ မျက်ရည်များကျကာ စကား
ပြောဖို့ ပါးစပ်ဖွင့်သော်လည်း junghoရဲ့ အဆက်မပြတ်ကန်ချက်ကြောင့် ဂျွန့်ရဲ့နာလို့
အော်ငြီးသံကသာ ထွက်လာခဲ့သည်။

"မင်း ငါပြောနေတာ နားမလည်ဘူးလား
ငါမေးနေတာ ပြန်ဖြေစမ်း”

ဂျွန် နာကြင်မှုကို အံကြိတ်ကာ စကားတစ်လုံးချင်းစီရအောင်ပြောလိုက်တော့သည်။

"ငါ-ရှောင်-ဖို့-မ-ကြိုး-စား-ပါ-ဘူး-တ-ကယ်-ပြော-တာ-ပါ”

junghoရဲ့ ကန်ချက်တွေကြားထဲ ဂျွန် အသံတိုးတိုးဖြင့်ပြန်ဖြေလိုက်သည်။ ထိုအခါမှပဲ
junghoရပ်သွားကာ

"ကောင်းပြီလေ မင်း ငါကိုရှောင်ဖို့ကြိုးစားရင် သေမယ် kim namjoon မင်းနောက်နေ့ကစပြီး
ငါရဲ့အိမ်စာတွေ မင်းပဲ လုပ်ရမယ်
ငါခိုင်းတာ ချက်ချင်းလုပ်ဖို့ပြင်ထား မင်း နောက်ကျလို့ကတော့ ငါအဆိုးမဆိုနဲ့”

RevengeWhere stories live. Discover now