အန်တီကြီးက ဂျွန့်ကို ဆွဲထူပြီး နှစ်ယောက်သား ဧည့်သည်လာလျှင် အိပ်သည့်အခန်းဆီသို့ ဖြေးဖြေးချင်းလျှောက်လာခဲ့သည်။
"နမ်ဂျွန်လေး ဖြည်းဖြည်းထိုင်နော်…”
"အာ့…”ဂျွန် ကုတင်ပေါ်ကို ဖြည်းဖြည်းချင်းဆီထိုင်လိုက်ပြီး လှဲနေလိုက်သည်။ ဒီလိုလေးလှဲတာကို ခန္ဓာကိုယ်က တစ်ဆစ်ဆစ်ဖြင့် ကိုက်ကာ တော်တော်လှဲယူလိုက်ရသည်။
"ဒီမှာ ခဏလေးစောင့်နော် အန်တီ လိမ်းဆေးသွားယူလိုက်ဦးမယ်”
အန်တီကြီးက ဂျွန့်ကို ကုတင်ပေါ် သေချာတင်ပေးပြီး ဆေးဗူးသွားယူသည်။ ချက်ခြင်းပြန်ရောက်လာကာ ဂျွန့်ရဲ့ဒဏ်ရာများကို
ဆေးလိမ်းပေးတော့သည်။"အာ့…အန်တီ စပ်…စပ်တယ် အနာက”
ဂျွန်ပြောရင်း မျက်ရည်များတစ်ဖန်စီးကျလာပြန်သည်။ ဒီမျက်ရည်များကလည်း ဘယ်အချိန်မှ ခမ်းတော့မှာပါလိမ့်။ ဂျွန် ငိုရတာကို တော်တော်စိတ်ကုန်နေပြီ။ ဘာလို့များ ဒီလောက်ထိပျော့ညံ့နေရတာလဲဟုတွေးကာ ကိုယ့်ဘာသာ အားမလိုအားမရဖြစ်နေမိသည်။
"နမ်ဂျွန်လေး ဆေးက နည်းနည်းလေးစပ်မှာ
ခဏလေး သည်းခံပေးနော် အဲ့တာမှ ဒဏ်ရာပျောက်မှာ”အန်တီကြီးက ဆေးလိမ်းပေးလိုက် အစပ်သက်သာအောင် လေမှုတ်ပေးလိုက်နှင့်
အလုပ်ရှုပ်နေသည်။ နမ်ဂျွန်ရဲ့ဒဏ်ရာတွေကို
ကြည့်ရင်း ကလေးကိုသနားသဖြင့် အဒေါ်ကြီးမျက်လုံး၌ မျက်ရည်များပင် ဝဲလာသည်။
ငိုထားသဖြင့် နမ်ဂျွန့်မျက်လုံးများဖူးယောင်ပြီး
မျက်နှာတစ်ပြင်လုံးရဲစပ်နေသည်။ ဒီလောက် နူးညံ့နေတဲ့အသားရေကို ဒဏ်ရာရအောင်လုပ်တာ မနေ့ညက ဘယ်လောက်များ နာကျင်နေ
လိမ့်မလဲ။ ဂျွန့်ရဲ့လည်ပင်းကို မသိမသာလေးခိုးကြည့်တော့ လက်ရာများက ထင်းနေသည်။
jk ဘာလို့များဒီလောက်ရက်စက်ရပါလိမ့်
ဒီလောက်နူးညံ့တဲ့ ကလေးအပေါ်ကို။ ဘာကို
ဒီလောက်ထိနာကြည်းနေလို့ ဒီကလေးကို
နာကြင်အောင်လုပ်နေရတာလဲ။ jk ဒီလောက်ထိ အသည်းမာမှန်း အခုမှပင် သိတော့သည်။
နမ်ဂျွန်ကို ဘာဖြစ်ခဲ့တာလဲဟုမေးချင်သော်လည်း မမေးရက်သဖြင့် တစ်ယောက်တည်းတွေးကာ သက်ပြင်းချလိုက်မိသည်။ ဆေးအကုန်လိမ်းပြီးတော့