jk မိုးရွာထဲမှာပဲ ရပ်ရင်း အိမ်ပေါ်ထပ်ကို တော်တော်ကြာကြည့်နေခဲ့သည်။ နမ်ဂျွန်ကို အခန်းထဲတစ်ယောက်ထဲထားခဲ့၍ စိတ်ပူမိသော်လည်း အစောက jkလုပ်ခဲ့တဲ့အပြုအမူကြောင့် ဂျွန့်ကို မျက်နှာချင်းမဆိုင်ရဲပေ။
သို့သော် junghoနဲ့ပတ်သတ်ပြီးလည်း
မေးချင်စိတ်ဖြစ်ပေါ်နေမိသည်။ချာတိတ်က ဘာလို့သားကို လွှတ်ပေးဖို့တောင်းပန်နေရတာလဲ အခု ချာတိတ်က
ငါ့ကို တစ်သက်လုံးမုန်းသွားပြီလားမသိဘူး
အား…ဘာပဲဖြစ်ဖြစ် ချာတိတ်ဆီသွားကြည့်ဦးမယ် တစ်ယောက်တည်းစိတ်မချဘူးjk တစ်ယောက်တည်း ကိုယ့်ဘာသာအားပေး
ကာ အိမ်ပေါ်သို့ ဖြေးဖြေးချင်းတတ်လာခဲ့သည်။
jk သူ့ရဲ့အခန်းတံခါးရှေ့မတ်တပ်ရပ်ပြီး
တံခါးကို ခေါက်ဖို့ပြင်လိုက်သော်လည်း
မခေါက်တော့ပဲ ဖွင့်ပြီးတော့ပဲ အခန်းထဲ
ဝင်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်
နှလုံးပြုတ်ကျမတတ်ဖြစ်သွားရတော့သည်။"KIM NAMJOON!!!”
အိပ်ယာခင်းအဖြူက သွေးများကြောင့် နီရဲကာ
စိုရွှဲနေခဲ့ပြီး ဂျွန့်ကို ကုတင်အလယ်၌ ဖြူဖျော့စွာ
တွေ့လိုက်ရသည်။ jk ကုတင်ဆီကိုပြေးသွားလိုက်ပြီး ဂျွန်အသက်ရှုသေးလားအရင်စစ်ကြည့်လိုက်သည်။ ပြီးတော့ ဝတ်ထားသော အင်္ကျီချွတ်ကာ သွေးထွက်နေသော လက်ကောက်ဝတ်ကို
ဖိထားလိုက်ပြီး နှလုံးခုန်သံနားထောင်ကြည့်တော့
နှလုံးခုန်သံကြားနေရသေးသည်။ ထို့နောက် ဘောင်းဘီအိပ်ကပ်ထဲမှ ဖုန်းကိုထုတ်ကာ minhoဆီ ဖုန်းအမြန်ဆက်ခေါ်လိုက်ရသည်။"hello jk”
"minho ငါ့အိမ်ကို A သွေးယူပြီးမြန်မြန်လာခဲ့
ဂျွန် လက်ကောက်ဝတ်ကို ဘလိတ်ဓားနဲ့လှီးလိုက်လို့ သွေးတွေတအားထွက်နေတယ် အခုချက်ခြင်းထွက်ခဲ့တော့”jkစကားကြောင့် minho ဆေးရုံထဲမှ လိုအပ်တဲ့
ပစ္စည်းများကို ထုတ်ယူပြီး jkရဲ့အိမ်ကို ကားဖြင့်
မြန်မြန်ထွက်လာခဲ့သည်။ minhoက ဆေးရုံပိုင်ရှင်ဖြစ်ကာ jkတို့ရဲ့ မိသားစုဆရာဝန်ဖြစ်သည်မှာလည်း ကြာပြီဖြစ်သည်။ jkရဲ့အဖိုးနဲ့အဖွားကို
အပတ်တိုင်း ကျန်းမာရေးစစ်ပေးခဲ့ရသူ
တစ်ယောက်ဖြစ်ကာ အဲ့ကတည်းက jkနဲ့ရင်းနှီး
ခဲ့ခြင်းပင်။ ပုံမှန်ဆို jkက လူကြီးလူကောင်းတစ်ယောက်ဖြစ်သည်ကို minhoသိသည်။ ဒါပေမယ့် နမ်ဂျွန်အပေါ်ကို ဘယ်လိုဖြစ်လို့ ဒီလို
လူကြီးလူကောင်းမပီသတဲ့ပုံစံနဲ့ နှိပ်စက်နေရ
သလဲ ဆိုတာ minhoနားမလည်နိုင်။ jkရဲ့ အခု
ပုံစံက minhoအတွက် အထူးအဆန်းဖြစ်နေသည်။နမ်ဂျွန်ကို အရင်ဒဏ်ရာတွေကုပြီး ပျောက်ကတည်းက နမ်ဂျွန်အကြောင်းမကြားတော့လို့ jk ထပ်မနှိပ်စက်တော့ဘူးထင်နေတာ။ အခုဘယ်လိုဖြစ်လို့ အဲ့ကလေးက ကိုယ့်ဘာသာသတ်သေတဲ့အထိလုပ်လိုက်ရတာလဲ။