အပိုင်း[၆၇]

147 19 3
                                    

ဆရာဝန်စကားဆုံးတော့ jk ကြမ်းပြင်ပေါ်
ထိုင်ရက်လဲကျသွားခဲ့တော့သည်။ jk
လက်နှစ်ဖက်နဲ့မျက်နှာကို အုပ်ရင်း မျက်ရည်
များက စီးကျလာခဲ့တော့သည်။

က...ကလေး

ဂျွန့်မှာ သူနဲ့ရတဲ့ရင်သွေးကလေး ရှိနေခဲ့တာပေါ့။
jk အခု...အခုမှ သိတာလေ။ ကလေးလေးက
အခုပဲ ပျက်ကျသွားပြီတဲ့လား။ ဘယ်လိုလုပ်ပြီး
ဒီလောက်ကံဆိုးရတာပါလိမ့်။ jkရဲ့အပြစ်တွေ
အတွက် ကလေးက အစားခံခဲ့ရတာလား။
junghoဆုံးပြီးတဲ့နောက် ဘယ်တုန်းကမှ
jkမှာ ကလေးတစ်ယောက်ထပ်ရှိလာလိမ့်မည်
ဟုမထင်ခဲ့။ မမျှော်လင့်ပဲ ရောက်လာခဲ့သည့်
ကလေးက jkပင် မသိလိုက်ပဲ လူ့လောကကို
နှုတ်ဆက်သွားခဲ့လေပြီ။ jk အသံမထွက်
အောင် လက်ကို ပါးစပ်ဖြင့် သွေးထွက်
အောင်အထိကိုက်ရင်း ငိုနေခဲ့သည်။ jmနဲ့taeလည်း တစ်ယောက်ကို
တစ်ယောက်ဖက်ကာ ငိုနေခဲ့ကြသည်။
henryနဲ့jaebeomလည်း စိတ်မကောင်းရုံမှ
လွဲ ဘယ်စကားလုံးဖြင့် နှစ်သိမ့်ရမည်ကို
မသိခဲ့ပေ။ဘယ်အချိန်က ရောက်လာမှန်း
မသိသောygနဲ့sjလည်း jkရဲ့ တဖက်စီမှာ
ထိုင်ကာ jkကို ဖက်ရင်း နှစ်သိမ့်ပေးနေခဲ့သည်။

ခဏကြာတော့ ရဲစခန်းက စုံထောက်များရောက်လာကာ ယာဥ်တိုက်မှုအကြောင်းမေး
တော့henryတို့ကပဲ ဒိုင်ခံဖြေပေးနေခဲ့သည်။ ထို့နောက် ဂျွန့်ရဲ့ သွေးစွန်းနေသော အိတ်နဲ့ ပစ္စည်းတစ်ချို့ကို ပေးကာ ပြန်သွားခဲ့သည်။
henry ထိုအထုပ်ကို ယူကာ တုံ့ဆိုင်းစွာဖြင့်
jkနားရောက်လာပြီး

"အန်ကယ် အစောနက စုံထောက်တွေပေးသွား
တဲ့ ဂျွန့်ရဲ့ပစ္စည်းတွေ အန်ကယ်ကြည့်ချင်
မလားလို့"

ဂျွန့်ရဲ့ပစ္စည်းတွေဆိုသောအသံကြားတော့
jkခေါင်းမော့လာကာ ထိုင်ရာမှမထပဲ
တုံယင်နေသော လက်ဖြင့် henryလက်မှ
ပစ္စည်းကို ယူလိုက်သည်။ ထိုနောက် ဇစ်ကို
ဖွင့်ကြည့်တော့ ဂျွန့်ရဲ့ ပိုက်ဆံအိတ်ကို
သွေးများပေလျက်ဖြင့် တွေ့ရသည်။ ဘေးမှာ
ကဒ်လေးကို တွေ့သဖြင့် ထိုကဒ်ကို ယူကြည့်တော့ သွေးများစွန်းနေသော ပို့စ်ကဒ်အဖြူ
ရောင်လေးကို တွေ့လိုက်သည်။
ထိုကဒ်လေးကို ဖွင့်ကြည့်တော့ ဂျွန့်ရဲ့ လက်ရေးလှလှလေးဖြင့် ရေးထားသော
စာကိုသွေးများကြားမှ မြင်လိုက်ရသည်။

RevengeWhere stories live. Discover now