jungho ကျောင်းတတ်ဖို့ထွက်သွားသည့်အချိန်မှစ၍ jungkookတို့အိမ်၌ ရယ်ရယ်မောမောအသံများ နဂိုကလောက်မကြားရတော့ပေ။ သားနှင့်ဖုန်းဆက်လားဆိုတော့ နေ့တိုင်းနီးနီးဆက်ဖြစ်သည်။ သို့သော် ဖုန်းဆက်တာနဲ့ အိမ်မှာ
လူကိုယ်တိုင်ရှိတဲ့အချိန်နဲ့တော့မတူပေ။jungkookတစ်လတစ်ခါတော့ junghoဆီရောက်အောင်သွားသည်။ သားနဲ့နှစ်ညအိပ်ပြီး seoulကို မနက်စောစောပြန်လာတတ်သည်။ junghoကို busanပို့လိုက်တာ မှန်ကန်သော ဆုံးဖြတ်ချက်ဟုထင်သည်။
junghoက ဒီမှာရှိတုန်းကထက်တောင် ပို၍ပျော်နေသည်ကို တွေ့ရသည်။ သားရဲ့ပုံစံကြည့်တော့လည်း seoulကို တော်တော်နှင့်ပြန်လာမည့်ပုံ
မပေါ်ပေ။ မေးကြည့်တော့ busan၌ စိတ်ဝင်စားစရာ ရှိသည်ဟုပြောသည်။ jungkookမေးကြည့်တော့ ရှင်းရှင်းလင်းလင်းမပြောပဲ လျို့ဝှက်၍သာထားသည်။တစ်ဖြည်းဖြည်းနှင့် အထက်တန်းပြီးမယ့်အချိန်နီးလာတော့သည်။ jungkookရဲ့ အဘိုးနဲ့အဘွားလည်း junghoပြန်လာတော့မည်ဖြစ်၍ ပျော်၍နေကြသည်။ jungkookလည်း အလုပ်များနေ၍ busanမသွားဖြစ်သည်မှာ
၂လပင် ရှိပြီဖြစ်သည်။jungkookအလုပ်ကို စိတ်မဝင်စားဘဲ ဖုန်းကိုသာ တကြည့်ကြည့်ဖြစ်နေသည်ကို yoongiရော seokjinပါ သတိထားမိနေသည်။ တစ်မနက်လုံး အလုပ်ကိစ္စပြောလျှင် jungkookမှာ ရေရေရာရာပြောနိုင်သည်ကိုမရှိပေ။ အင်း…အဲ…နဲ့သာ ဖြေနေတော့သည်။ ကြာတော့ yoongiစိတ်မရှည်တော့။
"jungkook ဘယ်လိုဖြစ်လို့ တစ်မနက်လုံးအလုပ်ကို အာရုံမရောက်ဖြစ်နေတာတုန်း”
yoongiကို ကြည့်လိုက်ပြီး jungkookဆံပင်ကို လက်ဖြင့်ကြမ်းကြမ်းတမ်းတမ်းဖွလိုက်ကာ
"junghoကြောင့် hyung သူဖုန်းမကိုင်တာ ၂ရက်ရှိပြီ ကျွန်တော်သူ့ကို စိတ်ပူနေတာ hyung”
yoongiက jungkookမျက်နှာကို ကြည့်ကာ
ရယ်လိုက်ပြီး"မင့်သားက လွတ်လွတ်လပ်လပ်နေချင်လို့နေမှာပါ သူလည်း ၁၈နှစ်ပြည့်တော့မှာပဲ အဲ့လောက်ကြီးစိတ်ပူမနေပါနဲ့”
"မဟုတ်ဘူး yoongi hyung သားနဲ့ကျွန်တော် တစ်ခါမှ အဲ့လောက်အကြာကြီးထိ ဖုန်းမပြောပဲ မနေဖူးဘူး ပိုဆိုးတာက သားကအခု စာမေးပွဲတောင်ဖြေနေပြီ ကျွန်တော့်ကို စာမေးပွဲအကြောင်းတစ်ခွန်းမှမပြောတဲ့အပြင် ဖုန်းတောင်မဆက်ဘူး သားတစ်ခုခုဖြစ်မှာ ကျွန်တော်စိုးရိမ်တယ် တကယ်ဆို busanကို အခုချက်ခြင်းလိုက်သွားချင်တာ ဒါပေမယ့် ညနေဆို ကျွန်တော်အလုပ်ကိစ္စနိုင်ငံခြားထွက်ရမှာဆိုတော့
စိတ်မဖြောင့်ချင်ဘူး hyung”
"မင်းသားက နားလည်တတ်တဲ့အရွယ်ရောက်နေပါပြီ jungkookရဲ့ အခုတလော သူစိတ်အခန့်မသင့်တာနေမှာ လွှတ်ပေးထားလိုက်ပါ junghoက မင်းကို ဖုန်းမဆက်ပဲမနေပါဘူး သူမင်းကို
သိပ်ချစ်တာ မင်းလည်းသိတာပဲ”