အပိုင်း[၂၅]

158 25 2
                                    

ညနေရောက်တော့ jungkookလက်မှာ အထုပ်များဆွဲပြီး ဂျွန့်ရဲ့အိမ်ကို ရောက်လာသည်။ hotelက ထွက်လာပြီဆိုကတည်းက ဂျွန့်ကို
ဖုန်းကြိုဆက်ထားသဖြင့် ဂျွန်အိမ်ရှေ့၌ တစ်
ယောက်တည်းစောင့်နေမိသည်။ jungkook
လက်က အထုပ်တွေတွေ့သဖြင့် ဂျွန်
ကူဆွဲလိုက်ပြီး

"ဦး ဒါတွေ ဘာတွေတုန်း"
"ဂျွန်တို့အိမ်အတွက် လက်ဆောင်လေ ဒီအတိုင်းလက်ဗလာကြီးနဲ့မလာချင်ပါဘူး ပြီးတော့
ဂျွန့်အတွက်အဝတ်အစားတွေရယ် ဒီလာတာ
ဘာမှမယူခဲ့ရဘူးမလား"

ဂျွန် ပြုံးကာ ခေါင်းငြိမ့်ပြပြီး jungkookလက်တစ်ဖက်ကို ဆွဲကာ အိမ်ထဲဝင်လာခဲ့သည်။
ဧည့်ခန်း၌ seojoonက ထိုင်နေပြီး အမေက ထမင်းစားခန်းထဲ၌ ချက်ပြုတ်နေသည်။

"mom, hyung ဒီမှာ ဦးရောက်ပြီ"

seojoonက ဂျွန်တို့ကို မြင်တော့ မတ်တပ်ရပ်ကာ

"မင်္ဂလာပါ ကျွန်တော်က နမ်ဂျွန့်အကို
kim seojoonပါ"

jungkookလည် seojoonရဲ့လက်ကို ဆွဲနှုတ်ဆက်လိုက်ပြီး

"ကိုက jeon jungkookပါ"
"jeon...jeon jungkook"

seojoonက နောက်ကထပ်ပြီး ရေရွတ်လိုက်တော့ ဂျွန်မျက်ခုံးတစ်ဖက်ပင့်ကာ

"ဦးကို သိတာလား hyung"
"ဟို jeon companyရဲ့ပိုင်ရှင်လား"

jungkookပြုံးကာ ခေါင်းငြိမ့်ပြလိုက်ပြီး

"ဟုတ်ပါတယ် ကျွန်တော်က jeonရဲ့ CEOပါ"
"seojoon hyung ဘာတွေအံ့သြနေတာတုန်း"

ထိုစဥ် ဂျွန့်ရဲ့အမေက ဧည့်ခန်းထဲဝင်လာပြီး

"seojoonက busanမှာရှိတဲ့ အဲ့company အခွဲရဲ့ မန်နေဂျာလေ ထင်တောင်မထင်မိဘူး
ဂျွန်ခေါ်လာတာ seojoonအလုပ်ရဲ့ သူဋ္ဌေး
ဆိုတာ"

jungkookက ယူလာတဲ့လက်ဆောင်ထုပ်ကို seojoonလက်ထဲထည့်လိုက်ပြီး

"အန်တီအတွက်ရော seojoonအတွက်ပါ ယူလာတာ လက်ခံပေးပါ"

jungkookစကားကြောင့် ဂျွန့်မျက်လုံးတွေပြူးသွားကာ

"seojoonအတွက်ရော??"
"ဟုတ်တယ်လေ ဂျွန့်ရဲ့အကို့ပဲကို"
"ဂျွန့်မှာအကိုရှိတာ ဦးကိုဘယ်တုန်းကပြောမိလိုက်တာလဲ"

jungkook ဘာမှမပြောတော့ပဲ မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။ Mrs.kimရော seojoonရော jungkookနဲ့ဂျွန် စကားပြောတာကို ကြည့်နေမိသည်။ တကယ်ပဲ ဂျွန်က jungkookကို ပေါ့ပေါ့ပါးပါးနဲ့စကားတွေပြောနေတာပဲ။ jungkookက ဂျွန့်ကိုပျော်ရွှင်စေတယ်ဆိုတာ အမှန်ဟု သားမိနှစ်ယောက်လုံး တွေးမိသည်။

RevengeDonde viven las historias. Descúbrelo ahora